ပဲခူး ၁၈ ဇူလိုင်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တာဝန်ရှိဌာနဆိုင်ရာ အကြီးအကဲ များနှင့်အတူ ဇူလိုင် ၁၇ ရက် ညနေ ၅ နာရီခွဲခန့်က ဝေါမြို့နယ်အတွင်းရှိ ရှမ်းကိုင်းရေထိန်းတံခါး ပုံမှန်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ စစ်တောင်းမြစ်အတွင်းသို့ ကွင်းရေထုတ်နုတ်နေမှုနှင့် ကွင်းအတွင်းမှမျှောပါလာသော ဗေဒါပင်များ၊ ဒိုက်များ ရေတံခါးတွင် ပိတ်ဆို့မှုမရှိစေရေးအတွက် ရှင်းလင်းဖယ်ရှားနေမှုများနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ရှမ်းကိုင်းရေထိန်းတံခါးသည် ဝေါမြို့နယ် အဗျား-ရှမ်းကိုင်းရေနှုတ်မြောင်းနှင့် စစ်မြစ်ဆုံရာ ရှမ်းကိုင်းကျေးရွာ အနီးတွင် ၁၉၉၉-၂၀ဝ၀ နှစ်တွင် ရေထိန်းတံခါးအရွယ်အစား (၆ပေ×၈ပေ)(၂၇)ပေါက်ပါ ရေသွင်းရေထုတ် မြောင်းအလျားပေ ၄၅၀ဝ၊ အကျယ် ပေ ၁၅၀၊ ပျမ်းမျှအနက်(၁၂)ပေရှိ ရေထိန်းတံခါးနှင့် ရေသွင်းရေထုတ် မြောင်းအဖြစ် စိုက်ပျိုးမြေဧရိယာဧက (၂၅၀ဝ၀) ကို အကျိုးပြုပေးနိုင်ရန်၊ ပဂိုင်တာတောင်ပိုင်း ရေကြီးရေလွှမ်းကွင်းများ ရေထုတ်နှုတ်ရေးနှင့် နွေရာသီရေပိုမိုရရှိရေးလုပ်ငန်းများ၊ စစ်တောင်းမြစ်ရေ မဝင်ရောက်စေရန်၊ နွေရာသီတွင်ရေထိန်းသိုလှောင်နိုင်ရန်၊ ရေငန်နှင့်နုံးများမဝင်ရောက်စေရန်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)


