၁၃ နိုဝင်ဘာ
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ နှစ်စဉ်ကျင်းပလေ့ရှိသော ချယ်ရီပန်း ကြည့်ရှုခြင်း ပွဲတော်နှင့် ပတ်သက်၍ ဂျပန် အတိုက်အခံများက မေးခွန်းများ မေးမြန်းရန် ရှိကြောင်းနှင့် ဝန်ကြီးချုပ်သည် ၎င်း၏ ကိုယ်ကျိုးစီးပွားအတွက် အများပိုင် ရန်ပုံငွေများကို လူသိရှင်ကြား အသုံးပြုနေသည်ဟုလည်း ပြောဆိုခဲ့ကြသည်။
ပြီးခဲ့သည့် အင်္ဂါနေ့က ကျင်းပခဲ့သော အောက်လွှတ်တော် မျက်နှာစုံညီ အစည်းအဝေးတွင် အတိုက်ခံ ဉပဒေပြဋ္ဌာန်းသူများက အဆိုပါ ချယ်ရီပန်း ကြည့်ရှုသည့် ပွဲတော်အတွက် အထောက်အပံ့များ ဖိတ်ခေါ်သည့် လုပ်ရပ်နှင့် ပတ်သက်၍ အာဘေးအား ဝေဖန်ခဲ့ကြခြင်းဖြစ်သည်။
ဉပဒေပြဋ္ဌာန်းသူများက ဝန်ကြီးချုပ်အား အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ တိုက်ရိုက်မေးမြန်းနိုင်ရန် လွှတ်တော် ဘတ်ဂျတ် ကော်မတီက အစည်းအဝေးတစ်ခု ကျင်းပစေလိုကြောင်း ပြောခဲ့သည်။
အတိုက်အခံ ဖွဲ့စည်းပုံ အခြေခံ ဉပဒေဆိုင်ရာ ဒီမိုကရက်ပါတီ၏ လွှတ်တော်ရေးရာ အကြီးအကဲဖြစ်သူက အဆိုပါ ကိစ္စရပ်သည် နှစ်လရှည်ကြာသော အုပ်ချုပ်ရေး၏ မောက်မာမှု တစ်ခုဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် အာဘေး အနေနှင့် လက်ခံနိုင်ချေရှိသော ပြန်လည် ဖြေရှင်းမှုမျိုးပေးရန်လည်း အတိုက်အခံများက ဖိအားပေးလိမ့်မည်ဖြစ်ကြောင်း ပြောခဲ့သည်။
အာဏာရ အဖွဲ့အစည်းကလည်း အဆိုပါ အဖြစ်အပျက်သည် ပြဿနာ တစ်စုံတစ်ရာ မရှိကြောင်းနှင့် အတိုက်အခံ အဖွဲ့မှ တောင်းဆိုထားသော စကားစစ်ထိုးပွဲကိုလည်း ကန့်ကွက်ကြောင်း ပြောခဲ့သည်။ လစ်ဘရယ် ဒီမိုကရက်ပါတီ၏ အထွေထွေ အတွင်းရေးမှူးချုပ်ကလည်း ဉပေဒပြဋ္ဌာန်းသူများ အနေနှင့် ၎င်းတို့၏ ပါတီသို့ မဲဆန္ဒနယ်များမှ လူများအား ဖိတ်ခေါ်သည်မှာ သဘာဝကျကြောင်း ပြောခဲ့သည်။
သို့သော်လည်း အစိုးရက အဆိုပါ အဖြစ်အပျက် ကျင်းပရေးနှင့် ပတ်သက်သည့် လမ်းညွှန်ချက်များကို ပြန်လည် သုံးသပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- စုရည်


