၂ စက်တင်ဘာ
လာမည့်သီတင်းပတ် ဝန်ကြီးအဖွဲ့အစည်းအဝေးတွင် ဝန်ကြီးများရာထူး အပြောင်းအလဲလုပ်ရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ရည်ရွယ်ထားသည်။
အစိုးရနှင့် အာဏာရညွန့်ပေါင်းပါတီများ၏ ဆက်ဆံရေးဆွေးနွေးပွဲတစ်ခု၌ ဝန်ကြီးများရာထူး အပြောင်းအလဲလုပ်မည်ဖြစ်ကြောင်း အာဘေးက ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
ဇူလိုင်လကကျင်းပခဲ့သော အထက်လွှတ်တော် ရွေးကောက်ပွဲတွင် အားကောင်းသော လူထုထောက်ခံမှုကို တုံ့ပြန်မည်ဖြစ်ပြီး ၎င်းကတိပြုထားသော မူဝါဒတိုင်းကို ပြောသည့်အတိုင်း လုပ်ဆောင်မည်ဖြစ်ကြောင်း အာဘေးက ပြောကြားခဲ့သည်။
ထိုညွန့်ပေါင်းပါတီများတွင် အသက်အရွယ်အမျိုးမျိုးရှိသည့် ပါတီဝင်များရှိရာ ထူးချွန်သူ အများအပြားရှိပြီး ခိုင်မာသော ဝန်ကြီးအဖွဲ့ ဖြစ်ပေါ်စေရန် သတိထား စဉ်းစားသွားမည်ဖြစ်ကြောင်း အာဘေးက ပြောကြားခဲ့သည်။
ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို