နေပြည်တော် ၁၅ ဇူလိုင်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ တွင် ဝန်းသို မဲဆန္ဒနယ်မှ ဦးနေစိုးအောင်က ဝန်းသို-မဲဇာလမ်းပေါ်ရှိ ကတ္တရာ လမ်းခင်းရန် ကျန်ရှိနေသေးသည့်အပိုင်းအား ကတ္တရာခင်းပေးခြင်းနှင့် ၎င်းလမ်းပေါ်ရှိ တံတား (၁၂) စင်းတို့အား သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ခြင်း၊ သံကူကွန်ကရစ်ကြမ်းခင်း တည်ဆောက်ခြင်း၊ Box Culvert များ တည်ဆောက်ခြင်းတို့အား မည်သည့် ဘဏ္ဍာရေးနှစ်တွင် ပြီးစီးအောင်ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးကျော်လင်းက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဝန်းသို-မဲဇာ- နန့်သဲလမ်းပေါ်တွင် တံတားသုံးစင်း ပြုပြင်ခြင်းလုပ်ငန်းများကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ သာမန်ရန်ပုံငွေ ၂၁.၅ သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း။
၂၀၁၉-၂၀ လာမည့်ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေအကန့်အသတ်အရ သံကူကွန်ကရစ် တံတားတည်ဆောက် ခြင်းတစ်စင်း၊ မူလသစ်သားကြမ်းခင်းအား သံကူကွန်ကရစ်ကြမ်းခင်းဖြင့် လဲလှယ်ခြင်းတစ်စင်း စသည့်လုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ သာမန်ရန်ပုံငွေ ကျပ် ၅၀ သန်းဖြင့် ပြန်လည်လျာထားနိုင်ခဲ့သည့် အတွက် ရန်ပုံငွေရရှိမှု အပေါ်မူတည်ပြီး လုပ်ငန်းများဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ကျန်ရှိသည့် ကတ္တရာလမ်းသစ်ခင်းခြင်းနှင့် သံကူကွန်ကရစ်တံတားများ တည်ဆောက်ခြင်း လုပ်ငန်းများ ကိုလာမည့် ဘဏ္ဍာရေးနှစ်များတွင် ရန်ပုံငွေဆက်လက်တင်ပြတောင်းခံ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
MDN
Photo Credit.ပြည်သူ့လွှတ်တော်