ဝန်းသို ၂၉ ဇွန်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့မှ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် မေတ္တာ၊ စာဂ၊ ဝီရိယကို အခြေခံ၍ ပါဝင်ကူညီဆောင်ရွက်ခဲ့ခြင်းအတွက် အသိအမှတ်ပြုပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ယနေ့နံနက် ၉နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒေါင်းမြူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့မှ ဝန်းသိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ၌ ပါဝင်ကူညီဆောင်ရွက်ခဲ့ခြင်းအတွက် အသိအမှတ်ပြုပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် Mask များကို စေတနာ့ဝန်ထမ်း Volunteer အဖွဲ့ ၈ဖွဲ့မှ တာဝန်ရှိသူများအားလည်းကောင်း၊ Mask ပြိုင်ပွဲဝင်ခဲ့သော မအေးအေးကြူ (Candle Light)အား နိုင်ငံတော်သမ္မတရုံးမှ ချီးမြှင့်သော Post Card အားလည်းကောင်း လွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက အသီးသီးဂုဏ်ပြုပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေစိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးနှင့် ဒေါ်ခိုင်ခိုင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်း Volunteer အဖွဲ့များ တက်ရောက်ခဲ့ကြောင်းသိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


