ဝန်းသို ၆ ဇန်နဝါရီ
၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ ကွင်းဖွင့်ပွဲ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ် ပြည်သူ့အားကစားကွင်း၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အားကစားပြိုင်ပွဲဖွင့်ပွဲမုခ်ဦးအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေစိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဌ ဦးနေမျိုးထွန်းနှင့် မြို့နယ်ပညာရေးမှုး ဆရာကြီးဦးစိုးနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၅ ရက်မှ ၈ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲ စသည့်ပြိုင်ပွဲများတွင် ဝန်းသိုမြို့နယ်ရှိ ကမစ (၈)အုပ်စုမှ ကျောင်းသား၊ ကျောင်းသူ အားကစားသမား ၅၅၀ ကျော်တို့က ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။
ယခုကဲ့သို့ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းအားဖြင့် လူငယ်မောင်မယ်များကြားတွင် ချစ်ကြည် ရင်းနှီးမှု၊နားလည်သည်းခံမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှုစသည့် အလေ့အကျင့် ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)