ဝန်းသို၊   ၉      ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ဝန်းသိုမြို့နယ် ကျောက်ပါးစပ်ကျေးရွာနှင့် ပိန္နဲကုန်းကျေးရွာတို့အတွင် လေးလက်မစက်ရေတွင်း တူးဖော်မှုအောင်မြင်လျက်ရှိကြောင်း မြို့နယ်ကျေး လက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီး ဌာန  မြို့နယ်ဦးစီးမှူး ထံမှသိရသည်။

 

ရှေးဦးစွာ ကျောက်းပါးစပ်ကျေးရွာတွင် စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့စဉ်က ဂါလန် (၁၀၀၀၀)ဆံ့ ရေလှောင်ကန်မှာလည်း အဆင်သင့်ရှိပြီးဖြစ်၍ ယခုစက်ရေတွင်း အောင်မြင်စွာတူးဖော် ဆောင်ရွက်ပြီးဖြစ်သည့် အတွက် အိမ်ခြေပေါင်း(၃၂၀)ကျော်ကို  အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

အလားတူ ပိန္နဲကုန်းကျေးရွာတွင် စက်ရေတွင်း တူးဖော်ပြီးစီးပြီဖြစ်၍ ရေထွက်နူန်းအားစစ်ဆေးခဲ့ရာ တစ်နာရီ ဂါလန် (၁၂၀၀)ခန့်ထွက်ရှိပြီး ဂါလန်(၅၀၀၀)ဆံ့ ရေစုကန်မှာလည်း အဆင်သင့်ရှိပြီးဖြစ်၍ ရေစက်ရုံဆောင်ရွက်ရန် ကျန်ရှိသဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ယင်းကျေးရွာရှိ အိမ်ခြေ (၆၆)အိမ်၊ လူဦးရေ(၃၃၄)ဦးအတွက် သောက်သုံးရေဖူလုံစွာ ရရှိနိုင်ပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးက ဦးမြတ်မျိုးထွန်းက ပြောသည်။

 

မွှေးကြူဇင်