ဝန်းသို ဒီဇင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်အတွင်းရှိ အောင်ဇာနည်ကုန်းကျေးရွာ၌ နွေရာသီသောက်သုံးရေ ရှားပါးပြတ်လပ်မှု ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ အနက်ပေ ၈၀ ခန့် တူးဖော်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း အတိုင်းအတာမှာ အကျယ်လေးလက်မခွဲ၊ အနက်ပေ ၄၀၀ ဖြစ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ငွေကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာပြည်သူလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း အောင်မြင်စွာပြီးပါက နွေရာသီသောက်သုံးရေ ရှားပါးပြတ်လပ်မှု ကင်းဝေးစေမည့်အပြင် ယင်းကျေးရွာရှိ အိမ်ခြေ ၈၇ လုံးကျော်၊ လူဦးရေ ၄၁၆ ဦးအတွက် အကျိုးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
မင်းမြင့်မိုရ်(ကျေးလက်)