ဝန်းသို ၁၉  မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ပေါက်ကုန်းကျေးရွာသည် ကုန်းတွင်းပိတ်ကျေး ရွာတစ်ရွာဖြစ်ပြီး ၎င်းကျေးရွာတွင် အိမ်ခြေ ၇၀ ၊ လူဦးရေ  ၃၄၉ ဦးရှိသော ကျေးရွာအဝင်လမ်းမှာ  အရှည်ပေ ၅၂၈၀ ပေခန့်ရှိသော ပေါက်ကုန်းကျေးရွာကို ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ထောက်ပံ့ငွေ သိန်း(၁၀၀) နှင့် ပြည်သူထည့်ဝင်ငွေများဖြင့် အကျယ် ၁၂ ပေ ၊ ထု ၉ လက်မ ရှိ လမ်းကို ဖောက်လုပ်လျက်ရှိကြောင်း   မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

 

6

 

အနောက်စက်ကျေးရွာမှာ ဆင်းရဲသောမိသားစု အများဆုံးနေထိုင်ရာ ကျေးရွာဖြစ်သောကြောင့် ၎င်းကျေးရွာတွင် အိမ်ခြေ ၆၉ အိမ်၊ လူဦးရေ ၃၈၀ နေထိုင်လျက်ရှိပြီး   ရွာတွင်းလမ်းများ ကောင်းမွန်မှုမရှိသဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ထောက်ပံ့ငွေသိန်း  ၁၀၀ အပြင်  ပြည်သူထည့်ဝင်ငွေဖြင့်  ရွာတွင်းလမ်းများကောင်းမွန်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ၎င်းက ပြောကြားသည်။

 

ယင်းကျေးရွာ(၂)ရွာ၏ ရွာအဝင်လမ်းနှင့် ရွာအတွင်းလမ်းများကို ကျောက်ရောမြေအမျိုးအစားခင်းခြင်း ဆောင်ရွက်မည်ဖြစ်ပြီး ယင်းလမ်းများ ဆောင်ရွက်ပြီးပါက ၎င်းကျေးရွာများအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအပြင် လူမှုရေးကိစ္စရပ်များအတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း ထံမှ သိရသည်။

 

မွှေးကြူဇင်