ဝန်းသို ၁ ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးရွာ ၁၀ ရွာ၌ ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးဆက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့်အတူ မြို့နယ်လုပ်ငန်းစစ်ဆေး ရေးအဖွဲ့များက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  ဆည်ကြီးရွာသစ်တွင် ၄ လက်မ စက်ရေတွင်းတူး ဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ ကျောက်တိုင်ကျေးရွာတွင် ၃၄ ပေ လက်တူးတွင်း တူးဖော်ခြင်း၊ လက်ပံခုံ ကျေးရွာတွင် ၄ လက်မ စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ အင်ခုံကျေးရွာတွင် ၄ လက်မ စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများအပြင် ကုန်ထုတ်လမ်း(၁)မိုင် ဖောက်လုပ်ခြင်း၊ မော်နိုင်ကျေးရွာတွင် ရွာတွင်းရေပိုက်လိုင်း သွယ်တန်းခြင်းနှင့် ရေမီတာတပ်ဆင်ခြင်း၊ ကြူတောကျေးရွာတွင် စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများကို လည်းကောင်း၊ ချောင်းကြီးကျေးရွာတွင် ရေစက်ရုံ၊ ရေကန် တည်ဆောက်ခြင်းလုပ်ငန်း၊ ကျောက်တော ကျေးရွာတွင် တစ်အိမ်သုံး ဆိုလာစနစ် တပ်ဆင်ခြင်းလုပ်ငန်း၊ လယ်ကျင်းကျေးရွာတွင် စိမ့်စမ်းရေ(၁) မိုင်သွယ်ယူခြင်းလုပ်ငန်း၊ ကျောက်ပါးစပ် ကျေးရွာတွင် အသေးစား လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းများကို သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ထားမှု ရှိ၊ မရှိ ကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မွှေးကြူဇင်