ဝန်းသို ၃ ဧပြီ
ဝန်းသိုမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်းနှင့် မီးလင်းရေး လုပ်ငန်းများကို တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း၊ မြို့နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ မြို့နယ်ဦးစီးမှူး ဒေါ်ချိုချိုနွယ်နှင့် တာဝန်ရှိသူများက ယနေ့နံနက် ၈ နာရီတွင် ကျေးရွာ ၈ ရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့ ကြကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် လမ်းလုပ်ငန်းများဖြစ်သည့် VDP စီမံချက် ထောက်ပံ့ငွေသိန်း(၁၀ဝ) ဖြင့် ဆောင်ရွက်သော ပေါက်ကုန်ကျေးရွာ လမ်းကျောက်ရောမြေ ခင်းခြင်းလုပ်ငန်း(၁)မိုင်၊ အနောက်စက် ကျေးရွာ လမ်းကျောက်ရောမြေ ခင်းခြင်း ပေ(၄၀ဝ၀)ကျော်၊ သက္ကယ်ကျင်း ကျေးရွာလမ်း ကွန်ကရစ် လမ်းပေ(၁၁၀ဝ)ခင်းခြင်း၊ လယ်ကျင်းကျေးရွာ လမ်းကျောက်ရောမြေ ပေ(၅၀ဝ၀) ကျော်ခင်းခြင်းလုပ် ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဆက်လက်၍ စင်္ကြာမောင်ကျေးရွာ လျှပ်စစ်မီးလိုင်းများသွယ်တန်းခြင်းလုပ်ငန်းများအပြင် ပြည် ထောင်စုလွှတ်တော် ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ခွင့်ပြုငွေကျပ်သိန်း(၅၀)ဖြင့် ထန်းတပင်ကျေးရွာ လမ်းကျောက်ရောမြေခင်းခြင်း၊ အနောက်စက်ကျေးရွာ စက်ရေတွင်းတူးခြင်းနှင့် မြောက်ရွာကျေးရွာ တွင် စိမ့်စမ်းရေလိုင်ခေါင်းအားကျောက်ရိုးစီခြင်းလုပ်ငန်းကို သိန်း ၃၅ ဖြင့်လည်းကောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုငွေ ငွေကျပ် ၂၈၃ ဒသမ ၄ သန်းဖြင့် ဆောင်ရွက်နေသော နမ်းခမ်း-ပန်းညို-ဗန်းနောက်လမ်း ကတ္တရာလမ်းခင်းခြင်း လုပ်ငန်း(၂)မိုင် ဆောင်ရွက်ခြင်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
မွှေးကြူဇင်


