ဝန်းသို မတ် ၃၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရေး၊ အမျိုးသမီးများ စွမ်းဆောင်ရည် မြင့်မားလာစေရေးတို့ကို ရည်ရွယ်ဖွင့်လှစ်လျက်ရှိသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်း သင်တန်းဆင်းပွဲကို မတ် ၃၀ ရက် နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းကို တစ်လခွဲကြာ ဖွင့်လှစ်ခဲ့ရာ သင်တန်းသူ ၁၉ ဦး တက်ရောက်သင်ကြားခဲ့သည်။ ၂၀၂၁-၂၀၂၂ ခု ၆ လ ဘတ်ဂျက်ကာလအတွင်း အသက် မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို တပ်လွင်ကျေးရွာတွင် နှစ်ကြိမ်၊ ကင်းမြင်သာကျေးရွာတွင် တစ်ကြိမ် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
ယွန်း(မုံရွာကိုယ်ပွား)


