ဝန်းသို ဇူလိုင် ၃၁

 

ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေရရှိရေးလုပ်ငန်းဖြစ်သည့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများကို  ကျေးရွာလေးရွာတွင် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ အဆိုပါကျေးရွာများမှ လူဦးရေ ၁၅၀၀ ကျော်အတွက် သောက်သုံးရေဖူလုံစွာ ရရှိနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ရေရရှိရေးလုပ်ငန်းများကို ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေ ကျပ်(၄၉.၅)သန်းဖြင့် အောင်ခန့်ဝင်း ကုမ္ပဏီကတာဝန်ယူ၍ ဝန်းသိုမြို့နယ် အင်းပုဒ်ကုန်းကျေးရွာ၊ ဒုန်းဒုတ်ကျေးရွာ၊ နောင်ကွင်းကျေးရွာနှင့် ကျူတောကျေးရွာများတွင် လေးလက်မစက်ရေတွင်း တူးဖော်အောင်မြင်ပြီးစီးခဲ့ပြီး ဆက်စပ်လုပ်ငန်းများ ဖြစ်သည့် ဂါလံ(၂၀၀၀)ဆံ့ရေကန် တစ်လုံး၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံများကိုလည်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါကျေးရွာ လေးရွာရှိ အိမ်ခြေပေါင်း ၃၂၃ အိမ်၊ လူဦးရေ ၁၅၀၂ ဦးတို့အတွက် ရာသီမရွေး သောက်သုံး ရေဖူလုံစွာ ရရှိသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

ကျော်မြိုင်