mdn

ဝန်းသို ဇူလိုင် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ဝန်းသိုမြို့နယ် အထက်ပိုင်းဒေသများတွင် ဇူလိုင် ၂၅ ရက်နေ့ည မိုးများစွာ ရွာသွန်းမှုကြောင့် ဒေါင်းမြူးချောင်း  ရေကြီးရေလျှံမှုများဖြစ်ပေါ်၍ မိုးစပါးစိုက်ဧက(၁၀၀၀)ကျော် ရေကြီနစ်မြုပ်ခဲ့ကြောင်းသိရသည်။

"ဝန်းသိုမြိုနယ် ၊ဒေါင်းမြူးချောင်းရေးများနေသည့်အတွက် ဇူလိုင် ၂၆ ရက် နံနက် ၈နာရီလောက်ကစ၍ မကျည်းကုန်း၊ ဇီးဖြူပင်၊ လက်ပံကြီးတော၊ ဂွေ့ကြီး၊ ချယာကုန်း၊ လက်ပံကြီးတော၊ အုပ်ဖို၊ သရက်အိုက်၊ ရှမ်းစု၊ စိန်လည်၊သပြေသာ၊ အောင်းကုန်း စသည့်ကျေးရွာများတွင် မိုးစပါးစိုက်ပျိုးထားသော လယ်ဧက (၁၀၀၀)ကျော် ရေကြီးနစ်မြုပ်ခဲ့ပါတယ်၊ စပါးပင်တွေက စိုက်ပျိုးပြီးခါစဆိုတော့ ရေနစ်ဒဏ်တော့ နည်းနည်းခံရမယ်။ ယနေ့ နံနက်ပိုင်းကတည်းက နှစ်မြုပ်နေသည့်အတွက် ပျက်စီမယ် မပျက်စီးဘူးဆိုတာကတော့ ရေနှစ်မြုပ်နေပြီး မိုးဆက်လက်၍ ရွာမယ်ဆိုရင် ရေကမကျတော့တဲ့ အတွက်ပျက်စီးဖို့များပါတယ်။ မိုးဆက်မရွာဘဲ ညနေလောက်ကျသွားရင်တော့ အနိမ့်ပိုင်းလယ်ဧကများသာ ပျက်စီးနိုင်ပါတယ်”  ဟု အုပ်ဖိုကျေးရွာမှ ဒေသခံတစ်ဦး၏ ပြောပြချက်အရသိရသည်။

ရေးကြီး၊ရေလျှံမှုကြောင့် ဒေါင်းမြူးချောင်းနံဘေးကျေးရွာများသို့ ရေဝင်ရောက်ပေမယ့် လူနှင့်တိရစ္ဆာန် ထိခိုက်ပျက်စီးမှုမရှိကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရသိရသည်။
မြင့်ထွန်းမင်း(ကောလင်း)