ဝန်းသို၊ ၈ ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ကင်မြင်သာကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အရေးနှင့် မိသားစုဝင်ငွေ တိုးစေရေးရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

သင်တန်းတွင် လုံချည်ပတ်လည်ဒေါက် မျိုးစုံထည့်နည်း၊ ဘောင်းဘီချုပ်နည်း၊ သင်္ဘောသား အင်္ကျီချုပ်နည်း၊ ခါးတိုအင်္ကျီချုပ်နည်း၊ ခါးရှည်ရင်စေ့/လက်စကချုပ်နည်း၊ ခါးရှည်ရင်ဖုံး/ လက်စကချုပ်နည်း၊ အမျိုးသားလက်ရှည် အင်္ကျီချုပ်နည်း၊ ရှပ်ကော်လံအင်္ကျီချုပ်နည်း စသည့်ဘာသာရပ်(၁၂)ခု သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါသင်တန်းကို သင်တန်းကာ(၁)လ သတ်မှတ်သင်ကြားပေးလျက်ရှိကြောင်း၊ ကင်းမြင်သာ ကျေးရွာအုပ်စုနှင့်အနီး ကျေးရွာများမှ သင်တန်းသား(၁)ဦး၊ သင်တန်းသူ (၃၉)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း၊ ယနေ့တွင် ဘောင်ဘီချုပ်နည်းသင်ခန်းစာ ပြီးမြောက်၍ သင်တန်းသား/သင်တန်းသူများကိုယ်တိုင် ချုပ်လုပ်ထားသည့် ဘောင်ဘီတိုများကို မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေး အားပေးခဲ့ကြကြောင်း သိရသည်။

 

မွှေးကြူဇင်

 

mdn