ဝန်းသို ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရေးနှင့် ပူးပြင်းခြောက်သွေ့သော နွေရာသီကာလ၌ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် ရေရရှိရေးလုပ်ငန်းများကို နှစ်စဉ်ဘတ်ဂျက်လျာထား ဆောင်ရွက်ပေးလျက်ရှိရာ စက်ရေတွင်းတူးဖော်ပေးနိုင်ရေး မြေအောက်ရေရရှိနိုင်စွမ်း (Geophysical Survey) တိုင်းတာဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ ရက် နံနက်ပိုင်းတွင် ကျေးရွာ(၁၈)ရွာထိ တိုင်းတာဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိူတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

"ကျွန်တော်တို့မြို့နယ်က တောင်ကုန်း၊ တောင်တန်းတွေ၊ ချောင်းငယ် မြောင်းငယ်တွေ ပေါတယ်၊ ရေရှားသလားဆိုတော့ မရှားဘူး၊ ဒါပေမဲ့ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာတော့ ရေတွင်း၊ ရေကန်တွေခန်းတယ်၊ အဲဒီတော့ အဓိကကနွေရာသီသောက်သုံးရေမပြတ်လပ်ဖို့ ကျွန်တော်တို့ဌာန စက်ရေတွင်းတွေတူးဖော်ပြီး မြေအောက်ရေကိုရယူပါတယ်၊ ဘူမိဗေဒတိုင်းထွာချက်အရ မြေအောက်လွှာတွေဟာ အလွန့်အလွန်မာကျောတဲ့ ကျောက်လွှာတွေ ပေါတယ်၊ ဒါကြောင့် မြေအောက်ရေရယူဖို့ စက်ရေတွင်းတွေတူးဖော်ပေးရာမှာ မြေအောက်ရေ ရနိုင်စွမ်း ရှိ/မရှိ တိုင်းတာဆောင်ရွက်ပေခြင်း ဖြစ်ပါတယ်၊ မလိုအပ်ဘဲ နိုင်ငံတော်ဘတ်ဂျက်တွေ မဆုံးရှုံးစေဖို့ လည်းပါပါတယ်"ဟု မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက Geophysical Survey တိုင်းတာရခြင်း အကြောင်းကို ရှင်းပြပါသည်။

အဆိုပါ မြေအောက်ရေရရှိနိုင်စွမ်း Geophysical Survey တိုင်းတာခြင်းကို ယခု ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်ဘတ်ဂျက်၊ တိုင်းဒေသကြီးဘတ်ဂျက်တို့နှင့် ဆောင်ရွက်မည့် ကျေးရွာ ()ရွာရယ်၊ ဖြည့်စွက်ဘတ်ဂျက်၊ မွမ်းမံဘတ်ဂျက်လျာထားတင်ပြထားသော ကျေးရွာ()ရွာ၊ နောင်နှစ် ၂၀၂၁-၂၀၂၂ ခုဘတ်ဂျက်တွင် ဆောင်ရွက်ရန် စက်ရေတွင်းတူးဖော်ရန် လျာထားတင်ပြထားသော ကျေးရွာ()ရွာ စုစုပေါင်းကျေးရွာပေါင်း(၁၈)ရွာ တိုင်းတာဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မွှေးကြူဇင်

 

22