ဝန်းသို  ၁၆  ဇွန်

 

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် အိမ်ထောင်စုများထိခိုက်မှု ရှိ/မရှိသိရှိနိုင်ရန်အတွက် DRD COVID SURVEY APPLICATION အသုံးပြု၍စစ်တမ်းကောက်ယူခြင်းလုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ညောင်ပင်သာကျေးရွာတွင် ယနေ့ နံနက် ၉နာရီက မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် ဝန်ထမ်းများ က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ စစ်တမ်းကောက်ယူရာတွင် ညောင်ပင်သာကျေးရွာ၌ အိမ်ခြေ (၁၁၇)အိမ်၊ လူဦးရေ (၅၉၁) ဦး ရှိပြီး ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်သူ(၅၁)ဦး၊ ပြည်တွင်းရှိဒေသအသီးသီးသို့ သွားရောက် လုပ်ကိုင်သူ ၅၀ ရှိကြောင်း၊ ၎င်းတို့၏စီးပွားရေးရပ်တည်မှု အခြေအနေများ၊ ကျေးရွာရှိ အိမ်ထောင်စု များ၏ အလုပ်အကိုင်၊ နေထိုင်မှုပုံစံများ၊ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ စသည့်အချက် အလက်များကို Mobile Phone ဖြင့် Social Assessment Surveyကို DRD COVID SURVEY APPLICATION အသုံးပြု၍ တာဝန်ရှိသူများက စစ်တမ်းကောက်ယူခဲ့သည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် သက်ရောက်ခြင်းခံရသော ကျေးလက်နေ ပြည်သူ များအား ၎င်းတို့ကျေးရွာ အခြေခံအဆောက်အဦနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာများတွင် အခြေခံ အဆောက်အဦများဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ Cash For Work စီမံကိန်းကို တစ်နိုင်ငံလုံးရှိ ကျေးရွာပေါင်း ၃၅၀ဝ တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်ကျေးလက် ဦးစီးမှုး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

 

 

ကျော်မြိုင် (ပြန်/ဆက်)