mdn

ဝန်းသို ဇူလိုင် ၁၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း CBFQ တွင် ဇူလိုင် ၁၁ ရက်က အနံ့ပျောက်သူများနှင့် ၎င်းတို့၏မိသားစုဝင် စုစုပေါင်း (၃၇)ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ဝင်းကြီး ()မိုင်မှ ဦး၊ ပိန္နဲကုန်းကျေးရွာမှ ဦး၊ သင်တောကျေးရွာမှ ဦး၊ စက်ဝင်း ()ရပ်မှ ဦး၊ မြို့သစ် ()ရပ်မှ ဦး၊ ဖလဲတန်းရပ်မှ ဦး၊ မြို့သစ်()ရပ်မှ ဦး စုစုပေါင်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၈ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

 

ယင်းအတည်ပြုလူနာများအနက် ဂျိုးတောင်တိုက်နယ်ဆေးရုံ သီးသန့်ကုသလူနာဆောင်တွင် ဦး  မြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်ကုသလူနာဆောင်တွင် ဦး၊ ကျန်အတည်ပြုလူနာ ၁၁ ဦးအား အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် သီးသန့်ထားရှိ၍ ကုသပေးလျက်ရှိပြီး ဝန်းသိုမြို့နယ်တွင် လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း ၂၁ ဦးရှိပြီ ဖြစ်သည်။

 

ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာသစ်များ ဆက်လက်များပြားလာပါက ထားရှိနိုင်ရန်အတွက် မြို့နယ်အားကစားကွင်းနေရာလွတ်တွင် ယာယီဆေးရုံတည်ဆောက်နိုင်ရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌမှ ဦးစီး၍ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျော်မြိုင်