ဝန်းသို ၂၂ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်၌ ဧပြီ ၂၁ ရက်နေ့ ညနေ ၆ နာရီခန့်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် လူနေအိမ်များ အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်(၁)၊ကျေးရွာအုပ်စု ၆ အုပ်စု၊ ရပ်ကွက်ငယ်(၁)၊ကျေးရွာ ၆ရွာတို့၌ အိမ်ခြေ ၇ အိမ်နှင် စာသင်ကျောင်း(၁)ကျောင်း အမိုးလန်ပျက်စီးခဲ့ပြီး လေဘေးသင့်လူဦးရေ ၃၁ ဦး ရှိပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
ဝန်းသိုမြို့နယ်၌ ဧပြီလ ၁၂ ရက်နေ့တွင် တစ်ကြိမ်၊ ၁၅ ရက်နေ့တွင် တစ်ကြိမ် ယခု ၂၁ ရက်နေ့တွင်တစ်ကြိမ် စုစုပေါင်း မိုးသက်လေပြင်းတိုက်ခတ်မှု သုံးကြိမ်အထိဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု ၉၁ စု၊ ဘုန်းတော်ကြီးကျောင်း သုံးကျောင်း၊ စာသင်ကျောင်း တစ်ကျောင်း အမိုးလန်ပျက်စီးခဲ့ကာ လေဘေးသင့် ပြည်သူ ၃၉၄ ဦး ရှိခဲ့ကြောင်း သိရသည်။
ကျော်မြိုင် (ပြန် /ဆက်)