ဝန်းသို ဇူလိုင် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် တောင်ကုန်းကျေးရွာအုပ်စုရှိ MCS ရွှေသတ္တု ကုမ္ပဏီမှ အနံ့ပျောက်နေသူ ကျား/မ စုစုပေါင်း ၅၄ ဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ဆရာဝန်တစ်ဦးနှင့် ၎င်းနှင့်အတူနေထိုင်သူ တစ်ဦးတို့ကို ယမန်နေ့က ကိုဗစ်-၁၉ရောဂါပိုးရှိ /မရှိ RDT Test kitဖြင့်စစ်ဆေးခဲ့ရာ လက်ထောက်ဆရာဝန်တစ်ဦးအပါအဝင် ၁၉ ဦးတွင် ကိုဗစ်- ၁၉ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ယင်းအတည်ပြုလူနာများအနက် MCS ရွှေကုမ္ပဏီမှ လူနာ (၁၇)ဦးအား အဆိုပါကုမ္ပဏီသီးသန့်ကုသ ဆောင်တွင်လည်းကောင်း၊ ကျန်လူနာ နှစ်ဦးကို မြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်ကုသဆောင်တွင်လည်း ကောင်း အသီးသီးထားရှိ၍ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီဆေးကုသပေးလျက်ရှိပြီး ယင်းလူနာများနှင့် ထိတွေ့သူများအား Home Quarantine ထားရှိကြောင်း သိရသည်။
ဝန်းသိုမြို့နယ်တွင် လက်ရှိအချိန်ထိ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၀၆ ဦးရှိပြီဖြစ်ပြီး တစ်ဦးသေဆုံးမှုရှိကြောင်း သိရသည်။
ကျော်မြိုင်


