ဝန်းသို ၁၆  မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သိန်း ၁၀၀၀ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒေါင်းမြူးခန်းမ၌ ကျင်းပသည်။

 

ဝန်းသိုမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၀ တွင် ကျေးလက်လမ်း၊ တံတားလုပ်ငန်း ၃၁ ခု ကို ငွေကျပ် ၈၀၅ ဒသမ ၁၀သိန်း၊ ရေရရှိရေးလုပ်ငန်း လေးခုကို ငွေကျပ် ၁၃၀ ဒသမ ၉၅ သိန်း ပြည်သူလူထုအမှန် တကယ်လိုအပ်သော အခြားလုပ်ငန်းတစ်ခုကို ငွေကျပ် ၃၃ ဒသမ ၉၅ သိန်းနှင့် အထွေထွေအသုံးစရိတ်ငွေကျပ် ၃၀ ဒသမ သုည သိန်း စုစုပေါင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း  ၃၆ ခုကို လွှတ်တော်ရန်ပုံငွေကျပ် သိန်း ၁၀၀၀ ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်မည့် သက်ဆိုင်ရာကျေးရွာ လုပ်ငန်းကော်မတီများထံသို့ ရန်ပုံငွေများကို အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

အခမ်းအနားကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်လင်းဦးနှင့် ဒေါ်ခိုင်ခိုင် ဝင်း၊ မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူများတက်ရောက်ကြသည်။

 

မွှေးကြူဇင်