ဝန်းသို ၈ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ကင်းကြိမ်ဖူးကုန်းအုပ်စု၊ အင်းမကျေးရွာတွင် ယမန်နေ့ ညပိုင်းက မိုးသည်းထန်းရွာသွန်းခဲ့ပြီး မိုးကြိုးပစ်ခတ်မှုကြောင့် ပိုင်ရှင် ဦးလင်းအောင်၏ ကျွဲသားအမိ နှစ်ကောင် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်ပွားရာသို့ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယဦးစီးမှုး ဦးအောင်သူရှိန်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး မိုးကြိုးဘေးအန္တရာယ်များကို အသိပညာပေးပြောကြားကာ ကျွဲ ၊နွား တိရစ္ဆာန်များကို ကာကွယ်ဆေးထိုးခြင်း၊ ဆေးဝါးကုသ ပေးခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)