ဝန်းသို ၁၇ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၌ ကျေးလက်ဒေသများတွင် လက်ရှိသုံးစွဲလျှက် ရှိသော သောက်သုံးရေများကို Ecoli Test Kit များဖြင့် ရေအရည်အသွေးစမ်းသပ်စစ်ဆေးပေး လျှက်ရှိကြောင်း သိရသည်။
ယခုအခါ ပထမအသုတ်အနေဖြင့် ကျေးရွာပေါင်း(၁၇၉)ရွာအနက် ကျေးရွာ(၉၀)ကို ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနိုင်သော ရောဂါပိုး ပါဝင်ခြင်းရှိ/မရှိ Ecoli Test Kit များဖြင့် စမ်းသပ်စစ်ဆေး သွားမည်ဖြစ်ကြောင်း အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်အိမွန်ဟိန်းက ပြောသည်။
ဝန်းသိုမြို့နယ်တွင် ကျေးရွာပေါင်း (၁၇၉)ရွာရှိသည့်အနက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက RWS-MIS စနစ်ဖြစ် ရေသုံးစွဲမှုအခြေအနေအား ကျေးရွာပေါင်း (၈၇)ရွာတွင် ကောက်ယူနိုင်ခဲ့ပြီး Data Entry ရေးသွင်းပြီးဖြစ်ကြောင်း၊ Ecoli Test Kit ဖြစ် ကျေးရွာအားလုံး စမ်းသပ်စစ်ဆေး ပေးသွားမည်ဖြစ်ရာ ကျန်ရှိနေသော ကျေးရွာများကိုလည်း ဆက်လက်စမ်းသပ် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။
မွှေးကြူဇင်


