ရန်ကုန် ဒီဇင်ဘာ ၂၇

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည် ယနေ့နံနက်ပိုင်းတွင် အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ တာဝန်ယူ၍ သာကေတမြို့နယ် ()မြောက်ရပ်ကွက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ သဒ္ဒါရုံ၊ မင်းနန္ဒာအိမ်ရာဝင်းအတွင်း အလျား ၈၈ ပေ၊ အနံ ပေ ၆၀ အကျယ်ရှိ ()ခန်းတွဲ၊ ()ထပ်တိုက် ဝန်ထမ်းအိမ်ရာ အဆောက်အဦ()လုံး တည်ဆောက်နေမှု၊ ရှုခင်းသာလမ်းနှင့် ရတနာပုံ()လမ်းထောင့်ရှိ  သာကေတမြို့နယ်ခန်းမ တည်ဆောက်မှုလုပ်ငန်းခွင်ကို  ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ဒုတိယမြို့တော်ဝန်သည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၂)ရပ်ကွက် ပဲခူးမြစ်လမ်းနှင့် ကျွန်းရွှေဝါလမ်းထောင့် ယုဇနဥယျာဉ်မြို့တော်အိမ်ရာရှေ့ မြို့နယ်ခန်းမတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ခံအင်ဂျင်နီယာ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

သတင်းစဉ်