နေပြည်တော်  ဇူလိုင်  ၇

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်   (အထက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သည့်  ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး သင်တန်း အမှတ်စဉ် (၁၃)၊    အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ် (၁၄)နှင့်    အခြေခံပညာဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၇၁) တို့၏   သင်တန်းဆင်း အခမ်းအနားများကို    ယနေ့တွင်   နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ ကျင်းပသည်။

 

သင်တန်းဆင်းပွဲ    အခမ်းအနားများသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစစ်အေး၊  တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး  ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)မှ    ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊     တက္ကသိုလ် သင်ကြားစီမံဌာနများမှ   တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော  ဧည့်သည်တော်များနှင့်  သင်တန်းသား  သင်တန်းသူများ တက်ရောက်ကြသည်။

 

ဝန်ထမ်းအဖွဲ့အစည်း   အကြီးအမှူး သင်တန်း အမှတ်စဉ်(၁၃) နှင့်  အဆင့်မြင့် အရာထမ်းသင်တန်း   အမှတ်စဉ်   (၁၄)သင်တန်းဆင်းပွဲ၌   ပြည်ထောင်စုရာထူး ဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစစ်အေးက  လုပ်ငန်းများ ဆောင်ရွက်ရာတွင်    မိမိလက်အောက် အရာထမ်း၊  အမှုထမ်းများကို    လက်တွဲခေါ်ယူသင်ကြား ပြသပေးရန်နှင့် သာယာပျော်ရွှင်သော လုပ်ငန်းခွင်ကိုဖန်တီးပေးကြရန်   လိုအပ်ပါကြောင်း၊   ထိုမှတစ်ဆင့် တစ်ဦးနှင့်   တစ်ဦးကြား  အပြန်အလှန်ယုံကြည်မှု  တည်ဆောက်နိုင်ကြပြီး  ဌာန အဖွဲ့အစည်း၏ တည်ငြိမ်မှုနှင့် စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုနိုင် မည်ဖြစ်ပါကြောင်း၊    ထို့ပြင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်၍ စွမ်းဆောင်ရည်   ထူးချွန်ထက်မြက် သော လူ့စွမ်းအားအရင်းအမြစ်များကို  စဉ်ဆက်မပြတ်     မွေးထုတ်နိုင်မှသာ    ဌာနအဖွဲ့ အစည်းများ၏  လုပ်ဆောင်နိုင်မှုစွမ်းရည် တိုးတက်လာပြီး နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ပိုမို ဆောင်ရွက်လာ နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

စံပြနမူနာပြဖြစ်ရန်လိုအပ်

ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် အခြေခံပညာဆရာ ဆရာမများ အထူးမွမ်းမံ သင်တန်း အမှတ်စဉ်(၇၁)၏ သင်တန်းဆင်းအခမ်းအနားသို့ တက်‌ရောက်ပြီး ပြည်ထောင်စု ရာထူးဝန် အဖွဲ့ဥက္ကဋ္ဌက နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံသားတိုင်း၏      ပညာရည်ဖွံ့ဖြိုးတိုး တက်မှုအပေါ် များစွာမူတည်နေပါကြောင်း၊ ဆရာဆိုသည်   စာကိုလည်းသင်၊  စိတ်လည်း  ပြင်ပေးရသူဖြစ်၍  ကျောင်းသင်ခန်းစာအပြင် စာရိတ္တကောင်းမွန်ပြီး    ယဉ်ကျေးလိမ္မာ သိမ်မွေ့အောင်၊ ဂါရဝတရားရှိပြီး ရိုင်းပင်း ကူညီတတ်အောင်၊   ပူးပေါင်းဆောင်ရွက် တတ်ပြီး အချင်းချင်း လေးစား တန်ဖိုးထားမှုများရှိအောင်   ပြုပြင်ပေးရသူများဖြစ်သဖြင့် စံပြနမူနာပြဖြစ်ရန် လိုအပ်ကြောင်း မှာကြားသည်။

 

ဝန်ထမ်းအဖွဲ့အစည်း  အကြီးအမှူး သင်တန်း အမှတ်စဉ်(၁၃)သို့ သင်တန်းသား ၁၉    ဦးနှင့်    အဆင့်မြင့် အရာထမ်း သင်တန်း အမှတ်စဉ်(၁၄)သို့   သင်တန်း သား ၄၀ တက်ရောက်၍ သင်တန်းကာလ ရက်သတ္တ   ရှစ်ပတ်ကြာမြင့်ခဲ့ကြောင်း၊ အခြေခံပညာဆရာ  ဆရာမများ   အထူး မွမ်းမံသင်တန်း    အမှတ်စဉ်  (၇၁)  သို့ သင်တန်းသား ၉၆ ဦး၊ သင်တန်းသူ ၃၈၄ ဦး  စုစုပေါင်း  ၄၈၀ တက်ရောက်ကြပြီး သင်တန်းကာလ    ရက်သတ္တ ငါးပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

ယင်းနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည်  ၂၀၂၃ ခုနှစ်  မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ      အခမ်းအနားသို့ တက်ရောက်ကာ ရတနာတန်းဝင်  ကျွန်းပင်ကို  ဦးဆောင်စိုက်ပျိုးပြီး တက်ရောက် လာသည့် ဧည့်သည်တော်များနှင့် သင်တန်းသား   သင်တန်းသူများက  ကျွန်းအပင် ၁၀၀၀ ၊     မန်ဂျန်ရှား အပင် ၁၀၀၀၊ ဗောက်သီး အပင် ၅၀၀ တို့ကို  သတ်မှတ် နေရာများ၌ တပျော်တပါးစုပေါင်းစိုက်ပျိူး ကြသည်။

 

ဆပ်ကပ်လှူဒါန်း

ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် တက္ကသိုလ်တွင် အကောင်အထည်ဖော်   ဆောင်ရွက်လျက်ရှိသည့်  စီမံကိန်းလုပ်ငန်းများ၊ စစ်ရေးပြလေ့ကျင့်သင်ကြားနေမှုများကို  ကြည့်ရှု စစ်ဆေးပြီး    တက္ကသိုလ်ရှိ တိလောက ဝိဇယစေတီတော်မြတ်အား ရွှေသင်္ကန်း ဆပ်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

သတင်းစဉ်