တောင်ကြီး   ဒီဇင်ဘာ   ၃၁

 

ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက “၂၀၂၂ ခုနှစ် နှစ်သစ်ကို ကြိုဆိုသောအားဖြင့် တွဲဖက်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား မိမိတို့အစိုးရအဖွဲ့မှ တတ်နိုင်သလောက် ထောက်ပံ့ပေးသည့် အခမ်းအနား ဖြစ်ကြောင်း၊ ယခု ()ကြိမ်မြောက် ထောက်ပံ့ပေးမှုတွင် ဝန်ထမ်း ၃၇၂ ဦးကို ငွေသားကျပ် ငါးသောင်းနှင့်  ကြက်သွန်နီ၊ ကြက်ဥ၊ ခရမ်းချဉ်သီး၊ ခေါက်ဆွဲ၊ ဆီ၊ သကြားတို့ကို ထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်း” ပြောကြား သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးတွင် တာဝန် ထမ်းဆောင်နေသော အမှုထမ်း/ အရာထမ်းများ၊ တွဲဖက်ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ ပစ္စည်းများကို ထောက်ပံ့ပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားခဲ့သည်။

 

မောင်မောင်သန်း(တောင်ကြီး)