ပဲခူး ဇွန် ၂
ဝန်ထမ်းမိသားစုဝင် သားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၁ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက္ကသိုလ်တက်ရောက် ပညာသင်ကြားနေသည့် ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့ငွေနှင့် ကျောင်းအသုံးအဆောင်ပစ္စည်းများကို လည်းကောင်း၊ အစိုးရအဖွဲ့တာဝန်ရှိသူများက အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေနှင့် ကျောင်းအသုံးအဆောင် ပစ္စည်းများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်