ရန်ကုန် ၁၄ ဇွန်
ရန်ကုန်မြို့၌ မိုးရွာသွန်းလျက်ရှိသော်လည်း World Blood Donor Day နေ့ဖြစ်သော ကမ္ဘာ့သွေးလှူရှင်များနေ့တွင် သွေးလှူရှင်များက ရန်ကုန်မြို့အမျိုးသားသွေးလှူဘဏ်သို့ အများအပြား လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇွန် ၁၄ ရက် ယနေ့တွင် ကျရောက်သည့် World Blood Donor Day ၌ ရန်ကုန်အမျိုးသားသွေး လှူဌာနသို့ ယနေ့ မွန်းလွဲပိုင်း (၁)နာရီခွဲထိ သွေးလှူရှင်ပေါင်း(၁၉၃)ဦး လာရောက်လှူဒါန်းခဲ့ကြပြီး ယမန်နှစ်က သွေးလှူရှင်ပေါင်း(၃၀ဝ)ခန့် လာရောက် လှူဒါန်းခဲ့၍ ယနေ့တွင် ယမန်နှစ်ထက်ပိုမိုသွေးလှူဒါန်းနိုင်ကြောင်း သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ဆေးရုံကြီး ကုတင်(၁၀ဝ၀)၊ ကုတင်(၅၀ဝ)အထူး ကုဆေးရုံနှင့် ရန်ကုန်ဆေးရုံသစ်ကြီး အပါအဝင် ဆေးရုံပေါင်း(၁၄)ရုံ၏ လိုအပ်သော သွေးအမျိုးအစားအလိုက် ရန်ကုန်အမျိုးသားသွေးလှူဘဏ်မှ ထောက်ပံ့လျက်ရှိကာ မြို့နယ်အချို့မှ အစိုးရဆေးရုံတို့ ရှိလူနာတို့အတွက်လည်း လိုအပ်သောသွေးများကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
သန်းထိုက်
ဓာတ်ပုံ -သန်းစိုး