နေပြည်တော် ၁၃ နိုဝင်ဘာ
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် World Cup 2022 ကမ္ဘာ့ဖလား ခြေစစ်ဘောလုံးပြိုင်ပွဲများနှင့် AFC Asian Cup 2023 အာရှဖလား ခြေစစ်ဘောလုံးပွဲစဉ်များကို မန္တလေးမြို့ မန္တလာသီရိ အာကစားကွင်းနှင့် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတို့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါပွဲစဉ်များမှ မြန်မာအသင်းနှင့် တာဂျစ်ကစ္စတန်အသင်းတို့သည် နိုဝင်ဘာ ၁၄ ရက် ညနေ ၅ နာရီတွင် လည်းကောင်း၊ မြန်မာအသင်းနှင့် မွန်ဂိုလီးယား အသင်းတို့သည် နိုဝင်ဘာ ၁၉ ရက် ညနေ ၅ နာရီတွင်လည်းကောင်း မန္တလေးမြို့၊ မန္တလာသီရိ အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ နိုဝင်ဘာ ၁၄ ရက်တွင် ကျင်းပမည့်ပွဲစဉ်အား ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်မှ စတင်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)၊ MRTV Sports Channel နှင့် မြန်မာ့အသံ ရေဒီယိုအစီစဉ်တို့မှ တိုက်ရိုက်ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်