ဝါရှင်တန်က ချယ်ရီပန်းပွဲတော် စတင်ပြီ

၂၆ မတ်

 

အမေရိကန်နိုင်ငံ ဝါရှင်တန်မှာ နှစ်စဉ်ဆင်နွှဲနေကြ ချယ်ရီပန်းပွဲတော်ကို ပြီးခဲ့တဲ့ တနင်္ဂနွေက စတင်ခဲ့ပေမယ့် အပင်တိုင်းက ချယ်ရီပန်းတွေဟာ ရာသီဥတု အေးနေသေးတဲ့အတွက် ဝေဝေဆာဆာတော့ မပွင့်သေးပါဘူး။ အမေရိကန် ပြည်ထောင်စုရဲ့ မြို့တော်ကို  ၁၉၁၂ ခုနှစ်က တိုကျိုမြို့တော်ဝန်က ချယ်ရီပန်းပင်ပေါင်း ထောင်ချီပြီး လှူဒါန်းခဲ့ပါတယ်။ 

 

 

မနေ့က ဖွင့်ပွဲအခမ်းအနားမှာ ဂျပန်နိုင်ငံက အထက်တန်းကျောင်းသူလေးတွေက တေးဂီတ နဲ့အတူ ကပြဖျော်ဖြေခဲ့ရာ  ဖွင့်ပွဲတက်ရောက်လာသူတွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။  ဂျပန် အနုပညာရှင်တွေဖြစ်တဲ့ အကီကိုယာနိုနဲ့ T.M တို့ကလည်း သူတို့ရဲ့ လူကြိုက်အများဆုံး သီချင်းတွေနဲ့ ဖျော်ဖြေတာကိုလည်း တွေ့ပါတယ်။ 

 

ချယ်ရီပန်းပွဲတော်ကို တက်ရောက်လာတဲ့ ပရိတ်သတ် တစ်ယောက်က ဒီပွဲတော်က အမေရိကန်-ဂျပန် ချစ်ကြည်ရင်းနှီးမှုကို ပြတဲ့အတွက် အင်မတန် နှစ်ထောင်းအားရတဲ့ ပွဲဖြစ်ပါတယ်လို့ NHK ကို ပြောပါတယ်။ 

 

ဒီချယ်ရီပန်းပွဲတော် အတွင်းမှာ တခြား ဖျော်ဖြေရေး အစီအစဉ်တွေလည်း ရှိသေးတဲ့အတွက် လူပေါင်း ၁ သန်းခွဲလောက် လာရောက်လည်ပတ်လိမ့်မယ့်လို့ မျှော်လင့်ရပါတယ်။ 

 

ပိုတိုမက် မြစ်တစ်လျှောက်မှာရှိတဲ့ ချယ်ရီပန်းတွေက ဧပြီလ ၈ ရက်နှင့် ၁၂ ရက် ကြားမှ ပန်းပင်တိုင်းက ဝေဝေဆာဆာပွင့်နိုင်မယ်လို့ မျှော်လင့်ကြောင်း NHK သတင်းက ပြောပါတယ်။ 

 

MDN