ဝါရှင်တန်၌ ချယ်ရီပွဲတော် စတင်ကျင်းပ

၂၅ မတ်

လွန်ခဲ့သော နှစ် ၁၀ဝ ကျော်က ဂျပန်နိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ လက်ဆောင်သစ်ပင် များအဖြစ် ပေးပို့ခဲ့သည့် နှစ်စဉ်ပြုလုပ်နေကျ ချယ်ရီပွဲတော်ကို ဝါရှင်တန်မြို့တော်၌ စတင်လိုက်ပြီဖြစ်သည်။

 

11

 

အမေရိကန်ပြည်ထောင်စု၏မြို့တော် ဝါရှင်တန်၌ ချယ်ရီပင်များမပွင့်သေးသော်လည်း ချယ်ရီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ပြီးခဲ့သော စနေနေ့ကတည်းက ဂျပန်နှင့်အမေရိကန် အနုပညာရှင်များ၏ ဖျော်ဖြေမှုများ နှင့်အတူ ကျင်းပခဲ့သည်။ အမေရိကန်ပြည်ထောင်စုဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး ရှင်ဆုကီဆူဂီယာမာက နှစ်နိုင်ငံကြား ခိုင်အာအားကောင်းသော ဆက်ဆံရေးနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

 

22

 

၁၉၁၂ခုနှစ်တွင် ထိုအချိန်က သမ္မတကတော်ဟယ်လင်တပ်နှင့် ထိုအချိန်က ဂျပန်သံအမတ်ဖြစ်သူ ချင်ဒါတို့နှစ်ဦးက ပိုတိုမတ်မြစ်ဘေးရှိ တိုကျိုမြို့တော်က ပေးအပ်ခဲ့သည့် ချယ်ရီပင်နှစ်ပင်ကို စိုက်ပျိုးခဲ့ကြောင်း၊ ထိုအချက်က နှစ်နိုင်ငံကြား ရေရှည်ချစ်ကြည်ရင်းနှီးမှုကို ဖြစ်စေခဲ့ကြောင်း ဆူဂီယာမာက ပြောကြားသည်။ ဂျပန်တယောပညာရှင် အိုင်ကူကိုကလည်း ဂျပန်ရိုးရာတူရိယာများ တီးခတ်သည့် ဂီတပညာရှင်များနှင့်အတူ ဖျော်ဖြေခဲ့သည်။

နာမည်ကျော် ဂျပန်ရုပ်သံစီးရီး “Pretty Guardian Sailor Moon” ကို အခြေခံသည့် ဖျော်ဖြေမှုတစ်ရပ်မှာ ကလေးငယ်များရော လူကြီးများ၏ စိတ်ဝင်စားမှုကိုရရှိခဲ့သည်။  ပွဲတော်ကာလအတွင်း ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားများ၊ ဈေးဆိုင်တန်းများခင်းကျင်းရန် စီစဉ်ထားသည်။ 

ဝါရှင်တန်မြို့တော်ရှိ ချယ်ရီပင်များမှာ ဧပြီလအစောပိုင်းတွင် ဖူးပွင့်ဝေဆာမည်ဟု မျှော်မှန်းရသည်။

ကိုးကား-အန်အိတ်ကေ
ဘာသာပြန်-မေဇော်ထက်