တံတားဦး   ၁၂   ဇွန်

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင်  လူအသုံးအဆောင် တစ်ခုအပါဝင် အိမ်များ ဆောက်လုပ် ရာတွင်  အသုံးပြုကြသည့် ဝါးဖြင့်ရက်လုပ်ရောင်းချသော လုပ်ငန်းများ ဝင်ငွေကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ဝါးများကို စစ်ကိုင်းမြို့နှင့် အမရပူ ရွှေကြက်ယက်တို့မှ ဝါးတစ်ရာစည်း ၁ စွပ်ကိုငွေကျပ် ၅၀ဝ၀ဝ ဖြင့် ဝယ်ယူကာ ဝါးဖြူ၊ မျှင်ဝါး၊ ထရံယက်လုပ်ရန်ဝါးနှင့် ထွန်ဆံဝါးတို့ရောင်းချပါတယ်။ ဝါးထရံ ယက်လုပ်ခမှာ တစ်တောင်-လေးတောင်တစ်ချပ်ကို ငွေကျပ် ၂၀ဝ၀ ရပါတယ်။ လေးတောင်ပတ်လည် တစ်ချပ်ကို ၇၀ဝ၀ ကျပ်ရရှိပြီး ဝယ်ယူသူတွေအတွက်အဆင်ပြေအောင် လိုချင်တဲ့အတိုင်းအတာကို ရက်လုပ်ပေးရပါကြောင်း အနည်းဆုံး တစ်လကိုဝါးထရံ အချပ်နှစ်ဆယ်လောက် ရက်လုပ် ရပါကြောင်း၊ ဝါးထရံရက်လုပ်ခ ဝင်ငွေအနေဖြင့် အတိအကျမရှိဘဲ တစ်လကိုပုံမှန် တစ်သိန်းခွဲ လောက်ရကြောင်း ဝါးထရံရက်လုပ်သူ ဦးဝင်းနိုင်ထံမှ သိရသည်။

 

အဆိုပါလုပ်ငန်းတွင် မြင့်မိုရ်ထရံ၊ ဝန်းထရံ၊ အခမ်းစည်းထရံ၊ အဆောက်အဦကာထရံ၊ မျက်နှာကျက် ထရံတို့ ရက်လုပ်ရောင်းချပါကြောင်း၊ ဈေးနှုန်းကတော့ ဝန်းထရံတစ်ချပ်ကို ၈၀ဝ၀ မှ ၁၀၅၀ဝ ကျပ်၊ လှည်းကပ်ကြမ်းတစ်ချပ်ကို ငွေကျပ် ၂၀ဝ၀၊ အခြားထရံများကတော့ အထူ တစ်ပေကို ၁၈၀ ကျပ်နှင့် အပါးတစ်ပေကို ၁၃၀ ကျပ်ဖြင့် ရောင်းရပါကြောင်း၊ ဝါးများရောင်းချရာတွင် ထရံယက်ဝါးတစ်လုံးကို ၇၀ဝ ကျပ်၊ မျှင်ဝါးတစ်လုံးကို ၆၀ဝ ကျပ်ဖြင့် ရောင်းချရပါကြောင်း  တံတားဦးမြို့ အောင်သရဖူ ဝါးနှင့်ဝါးထရံ အရောင်းဆိုင်မှ သိရသည်။

 

ရဲတင့်(မြို့နယ်ပြန်/ဆက်)