ဝူဟန်မြို့ခံအားလုံးကို  ဗိုင်းရပ်စ်စစ်ဆေးပေးခြင်းလုပ်ငန်း စတင်

၁၅ မေ

 

တရုတ်နိုင်ငံ ဝူဟန်မြို့ခံအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးပေးခြင်းကို မေ ၁၄ ရက်နေ့ မှာ မြို့တော်တစ်ဝန်းရှိ ဗိုင်းရပ်စ်စစ်ဆေးပေးမယ့် နေရာတွေမှာ လူတွေ တန်းစီစောင့်ဆိုင်းနေတာကို တွေ့ရပါတယ်။ ဝူဟန်မြို့ရှိ အိမ်ရာတစ်ခုမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိပြီးနောက် အခုလို မြို့ခံအားလုံးဗိုင်းရပ်စ် ရောဂါပိုး စစ်ဆေးခြင်း ဖြစ်လာခဲ့တာလို့ သိရပါတယ်။

 

မြို့တွင်းရှိ ကားရပ်နားရေးနေရာများ၊ ပန်းခြံများနဲ့ မြို့ခံများ စုဝေးရာ နေရာတွေမှာ ယာယီတဲတွေ ဆောက်လုပ်ပြီး လာရောက် ပိုးစစ်ဆေးသူတွေဟာ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေပြီး စစ်ဆေးရေး စခန်း ၆၀ ကျော် မှာ တန်းစီစောင့်ဆိုင်းနေကြပါတယ်။

 

ဝူဟန်မြို့ခံ လူဦးရေ ၁၁ သန်းကို ၁၀ ရက်အတွင်း စစ်ဆေးမှာဖြစ်ပါတယ်။ တစ်နေ့လျှင် ရောဂါပိုးစစ်ဆေးမှုဟာ လူ ၁၀၀,၀၀၀ အတွင်းသာ ပြီးမြောက်နိုင်တဲ့အတွက် မြို့ခံအားလုံးကို ၁၀ ရက်အတွင်းစစ်ဆေးဖို့ဆိုတာ ခက်ခဲကြောင်း သိရပါတယ်။ ဒါကြောင့် အာဏာပိုင်တွေက ပိုးစတင်စစ်ရေးတဲ့ ပြီးဆုံးရက်ကို ၁၀ ရက်အတွင်း ဖြစ်ရမယ်လို့ ဆိုပါတယ်။

 

တချို့မြို့နယ်တွေဟာ မေ ၁၂ ရက်က  စတင် စစ်ဆေးပြီး တစ်ချို့ကတော့ မေ ၁၇ ရက်နေ့မှာ စတင်မယ်လို့ သိရပါတယ်။ မြို့နယ်တစ်ခုချင်းစီမှာ ဗိုင်းရပ်စ်ပိုးစစ်ဆေးတဲ့ စတင် ရက်မှ ၁၀ ရက်အတွင်း လုပ်ဆောင်ရမှာ ဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

 

ဝူဟန်မြို့ခံ ၅ သန်းလောက်အထိဟာ တရုတ်နှစ်သစ်ကူးအတွက် မြို့ကနေ ထွက်ခွာခဲ့ကြောင်း တာဝန်ရှိသူတွေ အပြောအရ သိရပါတယ်။

 

ရောဂါပိုးကို လွန်ခဲ့တဲ့ ၁၀ ရက်ကစစ်ဆေးခဲ့တဲ့ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက အခုလိုလုပ်ဆောင်တာ ကောင်းတယ်။ ကိုယ့်ကိုကိုယ်တာဝန်ယူပြီးသားဖြစ်တာပေါ့။ ထပ်စစ်ဆေးဖို့ အကြောင်းဖန်လာရင် စစ်ဆေးမှာပဲ မလားလို့ မေးခွန်းပြီး သတင်းထောက်ရဲ့ အမေးကို တုံ့ပြန်ပြော ဆိုပါတယ်။

 

ဒါပေမယ့် အမျိုးသမီးတစ်ဦးကတော့ မြို့မှာလုပ်ဆောင်နေတဲ့ အခြေခံ လုပ်ဆောင်ချက်ဆိုကို သိပါတယ်။ ရောဂါပိုး ကင်းရှင်းတယ်ဆိုရာမှာ တန်းစီနေတဲ့လူတွေက သိပ်နီးလွန်းတယ်။ ပိုးစစ်ဆေးဖို့ နမူနာတို့ဖတ် ယူသူတွေဟာ လူအများကြီးဆီကနေ ရရှိနေပြီး တစ်ယောက်ယူပြီး နောက်တစ်ယောက်မယူခင်မှာ လက်ဆေးတာကို မတွေ့တဲ့အတွက် သူကတော့ ပိုးစစ်ဆေးမခံချင်ဘူးလို့ ဆိုပါတယ်။

 

 ဝူဟန်မြို့ကို အသွားအလာပိတ်ဆို့မှု ဟာ ဇန်နဝါရီ ၂၃ မှ စတင်ပြီး  ဧပြီ ၈ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ပေးတာဖြစ်ပါတယ်။

 

MDN
ကိုးကား - AFP