၁၂ မေ

 

တရုတ်နိုင်ငံ ဝူဟန်မြို့ခံအားလုံးကို ဗိုင်းရပ်စ်ပိုးစစ်ဆေး ပေးသွားမယ်လို့ တာဝန်ရှိသူတွေက ဒီနေ့ မွန်းလွဲပိုင်းက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

ဝူဟန်ရှိ မြို့နယ်တိုင်းက အစီအစဉ်တွေလုပ်ပြီး ဗိုင်းရပ်စ်ပိုးစပ်သပ်ရန် နျူရစ်အက်စစ်ကို သုံးပြီး စစ်ဆေးသွားမှာ ဖြစ်ပါတယ်။  ဒေသတွင်းမှာ နေထိုင်တဲ့ လူဉီးရေ ၁၁ သန်းအတွက် ၁၀ ရက်အတွင်း အပြီးလုပ်ဆောင်ရမှာ ဖြစ်ပေမယ့် ဘယ်ရက်မှာ စတင်မယ်ဆိုတာကို ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း သိရပါတယ်။

 

ဝူဟန်မြို့ကို ၇၆ ရက်တိတိ အသွားလာပိတ်ဆို့ခဲ့ပြီး ဧပြီ ရက်နေ့က ပြန်လည်ဖွင့်ပေးခဲ့ရာ ဝူဟန်မြို့မှာ ပထမဆုံး ဗိုင်းရပ်စ်ပိုးကူးစက်သူ ပြန်လည်တွေ့ရှိပြီးနောက် အခုအစီအစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

 

ဒေါင်ဇီဟူးမြို့နယ်ရှိ အိမ်ယာတစ်ခုမှာ ပိုးတွေ့ရှိသူ ဉီးကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့မှာ တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

 

ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ,၈၆၉ ဦးရှိရာ တရုတ်နိုင်ငံမှာ သေဆုံးသူ အများဆုံး နေရာဖြစ်ခဲ့ပါတယ်။

 

MDN
ကိုးကား - AFP