ရန်ကုန် ၁၀ ဇန်နဝါရီ
ယနေ့ ညနေ ၄ နာရီခွဲခန့်က စမ်းချောင်းမြို့နယ် ဗဟိုလမ်းနှင့် ဗားကရာထောင့် ရှမ်းလမ်းမီးပွိုင့်တွင် အိမ်စီးကားတစ်စီး ဝါယာကြိုးရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
MDN
