မောင်စာဂ


ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ၂၀၁၈ ခုနှစ်အတွက် ထုတ်ပြန်သည့် လမ်းခရီးအ္တရာယ် ကင်းရှင်းရေးအစီရင်ခံစာတွင် လမ်းပေါ်ကမတော်တဆ ယာဉ်တိုက်မှုတွေကြောင့် နှစ်စဉ် လူ ၁ ဒသမ ၄ သန်းနီးပါး သေဆုံးနေရသည်ကို လျော့ပါးသွားအောင် အမြန်ဆုံးအရေးယူဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။ ယင်းအစီရင်ခံစာအရ လမ်းခရီးတွင်ဖြစ်ပွားသည့်ယာဉ်တိုက်မှုများကြောင့် အသက် ၅ နှစ် မှ ၂၉ နှစ်အကြား ကလေးနှင့်လူငယ်တွေ သေဆုံးနေရ ကြောင်း၊ ၂၄ စက္ကန့်တိုင်းမှာ လူတစ်ဦးနှုန်း သေဆုံးနေရကြောင်း၊ ထိုသို့ သေဆုံးနေရသည့်သူများထဲက ထက်ဝက်ကျော်သည် ခရီးသည်များဖြစ်ကြောင်း ဖော်ပြထားသည်။


မြန်မာနိုင်ငံတွင်လည်း မြို့တိုင်း၊ နယ်တိုင်းလိုလိုမတော်တဆယာဉ်တိုက်မှုတွေကြောင့် သေဆုံး သူတွေ၊ ထိခိုက်အနာတရဖြစ်ရသူတွေ မကြာခဏဆိုသလိုတွေ့ကြုံနေရသည်။ မော်တော်ယာဉ် အချင်းချင်း၊ မော်တော်ဆိုင်ကယ်အချင်းချင်း၊ မော်တော်ယာဉ်နှင့်ဆိုင်ကယ်၊ မော်တော်ယာဉ်နှင့်စက်ဘီး၊ ဆိုင်ကယ်နှင့်စက်ဘီး မတော်တဆ တိုက်မိနေကြသည်။ 
လမ်းဖြတ်ကူးသူ၊ လမ်းဘေးလျှောက်သွားနေသူများကို တိုက်မိနေကြသည်။ ရန်ကုန်၊ မန္တလေးစသည်ကဲ့သို့ မြို့ကြီးများတွင် ပိုမိုဆိုးဆိုးရွားရွား တွေ့နေကြုံနေရသည်။ ရန်ကုန်၊ မ္တလေးအမြန်လမ်းမကြီးပေါ်ဆိုလျှင် မကြာမကြာဖြစ်ပေါ်နေသည်။ ဤတွင်ဘာကြောင့်ဤသို့ ဖြစ်ပွားမှုတွေ များများ လာနေရသနည်း၊ မည်သို့ ဆောင်ရွက်ကြမည်နည်း၊ ဥပဒေက မည်သို့ ပြဋ္ဌာန်းထားသနည်း စောကြောမိသည်။ မျှဝေ ပါရစေ။ 

 

ဥပဒေပြဋ္ဌာန်းခြင်းနှင့်ရည်ရွယ်ချက်
မော်တော်ယာဉ်ဥပဒေကို ၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၅၅ ဖြင့် ၇-၉-၂၀၁၅ ရက်နေ့တွင်ပြဋ္ဌာန်းခဲ့သည်။ ဤဥပဒေဖြင့် ၁၉၆၄ ခုနှစ်မော်တော်ယာဉ်ဥပဒေ ( ၁၉၆၄ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥပဒေအမှတ် ၁၇ ) ကို ရုပ်သိမ်းခဲ့သည်။
ရည်ရွယ်ချက်အနှစ်ချုပ်မှာ မော်တော်ယာဉ်များကိုမှတ်ပုံတင်ပေးရန်၊ မော်တော်ယာဉ် အမျိုးအစား အလိုက် ယာဉ်မောင်းလိုင်စင်ထုတ်ပေးရန်၊ လမ်းအသုံး ပြုသူများ သွားလာမှု လွယ်ကူချောမွေ့စေရန်နှင့် ယာဉ်အ္တရာယ်၊ လမ်းအ္တရာယ်ကင်းရှင်းရေး ကာကွယ်စောင့်ရှောက်ရန်၊ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားစေရန်နှင့် ယာဉ်အ္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရာတွင် အဆင့်မြင့်နည်းပညာသုံး ပို့ဆောင်ရေးစနစ်ကိုထိရောက်စွာအသုံးပြုရန်၊ မော်တော်ယာဉ်ကြောင့်ဖြစ်ပေါ်လာသော သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ လျော့နည်းစေရေးဆောင်ရွက်ရန်တို့ဖြစ်သည်။

ယာဉ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ရန် ပြဋ္ဌာန်းချက်များ
ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဆောင်ရွက်ရန်ရှိသည့်အချက်များကို ဥပဒေ၏ အခန်း (၇) တွင်ပြဋ္ဌာန်းထားသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ယာဉ်အ္တရာယ်၊ လမ်းအ္တရာယ်ကင်းရှင်းရေးဆောင်ရွက်နိုင်ရန် အမျိုးသား ယာဉ်အ္တရာယ်၊လမ်းအ္တရာယ်ကင်းရှင်းရေးကောင်စီကို ဖွဲ့စည်း၍ ယင်း၏လုပ်ငန်းတာဝန်များကို သတ်မှတ်ရသည်။ လိုအပ်သော ကောင်စီများကိုဖွဲ့စည်း၍လည်း ယင်းတို့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်နိုင်သည်။ ကော်မတီအသီးသီးတွင် ထိရောက်စွာတာဝန်ထမ်းဆောင်နိုင်ရန်ယာဉ်အ္တရာယ်၊ လမ်းအ္တရာယ်ကင်းရှင်းရေး ပညာ ရပ်ဆိုင်ရာ ကျွမ်းကျင်သူများကို ထည့်သွင်းဖွဲ့စည်း နိုင်သည်။ ထို့အပြင် အများပြည်သူဆိုင်ရာနေရာတွင်ဆောင်ရွက်သည့် တည်ဆောက်မှုလုပ်ငန်းများအပေါ် ကြိုတင်ပြင်ဆင်ဆဲကာလတွင်ဖြစ်စေ၊ အသုံးပြုနေ သည့်ကာလတွင်ဖြစ်စေ ယာဉ်အ္တရာယ်၊ လမ်းအ္တရာယ်ကင်းရှင်းရေးအတွက် အကြံပြုချက်များနှင့်သုံးသပ်ချက်များကို ထုတ်ပြန်ပေးနိုင်သည်။အမျိုးသားယာဉ်အ္တရာယ်၊ လမ်းအ္တရာယ်ကင်းရှင်းရေးကောင်စီသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေတို့တွင်ယာဉ်အ္တရာယ်၊ လမ်းအ္တရာယ်ကင်းရှင်းရေး ကောင်စီများကို ဖွဲ့စည်း၍ ယင်းတို့၏ လုပ်ငန်းတာဝန်များကိုသတ်မှတ်ရသည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်သို့မဟုတ် ပြည်ထောင်စုနယ်မြေ ယာဉ်အ္တရာယ်ကင်းရှင်းရေးကောင်စီသည်လည်း ခရိုင်နှင့် မြို့နယ် ယာဉ်အ္တရာယ်၊ လမ်းအ္တရာယ် ကင်းရှင်းရေးကော်မတီတို့ကို ဖွဲ့စည်း၍ ယင်းတို့၏ လုပ်ငန်းတာဝန်များကိုသတ်မှတ်ရသည်။

ပြစ်မှုကြောင်းဖြင့်အရေးယူဆောင်ရွက်ခြင်း
ယာဉ်အန္တရာယ်၊ လမ်းအ္တရာယ် ကင်းရှင်းရေး အတွက် ရှောင်ကြဉ်ရမည့်အချက်များကို တားမြစ်ချက်များအဖြစ် ဥပဒေ၏ အခန်း (၉) တွင် ဖော်ပြထားပြီး ယင်းတားမြစ်ချက်များကို မလိုက်နာ ဖောက်ဖျက်ပါက အရေးယူ၍ ပြစ်ဒဏ်စီရင်ခြင်းအပိုင်းကို အခန်း (၁၀) တွင်ပြဋ္ဌာန်းထားသည်။ အနှစ်ချုပ်၍ ဖော်ပြပါမည်။


မော်တော်ယာဉ်မှတ်ပုံတင်မထားခြင်း၊ မှတ်ပုံတင်သက်သေခံလက်မှတ်ရပ်စဲခံရခြင်း၊ သိမ်းဆည်းခံရခြင်း၊ သက်တမ်းကုန်ဆုံးခြင်း သို့မဟုတ် သတ်မှတ်သည့်နည်းလမ်းအတိုင်း ပြသမထားခြင်း၊ မှတ်ပုံတင်ဖျက်သိမ်းခံရခြင်း၊ သက်တမ်းကုန်ဆုံးခြင်း ယင်းအခြေ အနေတွင် ယင်းမော်တော်ယာဉ်ကို အများပြည်သူဆိုင်ရာနေရာတွင် မောင်းနှင်ခြင်း၊ ရပ်နားခြင်းမပြုရပါ။ ယာဉ်မောင်းလိုင်စင်မပါဘဲ၊ ယာဉ်မောင်းလိုင်စင်မရှိဘဲ မမောင်းရပါ။ ယာဉ်ပိုင်ရှင်က ယာဉ်မောင်းလိုင်စင်မရှိသူအား မမောင်းခိုင်းရပါ။ သတ်မှတ်အမြန်နှုန်း ထက် ပိုမမောင်းရပါ။ လျှော့မမောင်းရပါ၊ အ္တရာယ်ဖြစ်စေသောယာဉ်ကို မမောင်းရပါ။ အရက်၊ မူးယစ်ဆေးဝါးသုံးစွဲပြီး မမောင်းရပါ။ မလိုက်နာသောထိုသူသည် ထောင်ဒဏ် တစ်လ ဖြစ်စေ၊ ကျပ်ငါးသောင်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်။ 


မော်တော်ယာဉ်နံပါတ်ကို မထင်မရှားမပြုလုပ်ရပါ။ မော်တော်ယာဉ်နံပါတ်ကို အတုမပြုလုပ်ရပါ။ အတုတပ်ဆင်မောင်းနှင်ခြင်းမပြုရပါ။ မလိုက်နာသူသည်သုံးလအထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထိငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်။ 


စပယ်ယာလိုင်စင်မရှိဘဲ စပယ်ယာမလုပ်ရပါ။ ယာဉ်မောင်းရန်မသင့်လျော်သောအချိန်တွင် မမောင်းရပါ။ ကုန်ပိုမတင်ရပါ။ ထိုင်ခုံခါးပတ် ပတ်ရမည်။ လမ်းကူးသူဆိုင်ရာ စ ည်းကမ်းများ လိုက်နာရမည်။ ယာဉ်၏ မူလအမျိုးအစား၊ ရုပ်သ္ဌာန်၊ စက်အစိတ်အပိုင်း၊ မော်တော်ယာဉ်သက်သေခံ လက်မှတ် ပြုပြင်ပြောင်းလဲခြင်း မပြုရပါ။ ဆိုင်ကယ်စီးဦးထုပ်ဆောင်းရမည်၊ မေးသိုင်းကြိုးတပ်ရမည်၊ ဆိုင်ကယ်နောက်ကြည့်မှန်ပါရမည်။ အိတ်ဇောရှိ အသံထိန်းကိရိယာပါရမည်။၊ အခြားသူ၏ ယာဉ်မောင်း လိုင်စင်၊ စပယ်ယာလိုင်စင်ကိုအသုံးမပြုရပါ။ မလိုက်နာသော ထိုသူသည် ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ကို ချမှတ်ခံရမည်။

 

စည်းကမ်းထိန်းသိမ်းခြင်းနှင့်အရေးယူခြင်း
စည်းကမ်းထိန်းသိမ်းခြင်းနှင့် အရေးယူခြင်းအပိုင်း ကို ဥပဒေ၏ အခန်း (၁၂) တွင်ပြဋ္ဌာန်းထားသည်။ အနှစ်ချုပ်ဖော်ပြရလျှင် ရဲဝတ်စုံဝတ်ထားသည့် ရဲအရာရှိတစ်ဦးသည် အရက်သေစာ မူးယစ်သောက်စား၍ မောင်းနှင်သူ၊ မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို သုံးစွဲ၍ မောင်းနှင်သူ၊ ဘေးအ္တရာယ်ဖြစ်စေနိုင်သည်အထိ မောင်းနှင်သူ၊ မော်တော်ယာဉ်ကို အရမ်းပေါ့လျော့စွာမောင်းနှင်သူနှင့် ဘေးအ္တရာယ်ဖြစ်စေနိုင်သည့် မော်တော်ယာဉ်ကိုမောင်းနှင်သူတို့အား ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်သည်။ အရက်သေစာသောက်စား၍ မူးယစ်နေစဉ် မောင်းနှင်သူအား ဖမ်းဆီးသည့်အခါ ထိုသူကို သတ်မှတ်ထား သည့်နည်းလမ်းအတိုင်း စစ်ဆေးပြီး အချုပ်မှ လွှတ်ရမည်။
ထို့အပြင်ရဲအရာရှိသည် မော်တော်ယာဉ်မောင်းနှင်သူအား ဝရမ်းမပါဘဲ ဖမ်းဆီးသည့်အခါ လိုအပ်ပါက မော်တော်ယာဉ်ကို ယာယီထိန်းသိမ်းထားနိုင်ရေး ဆောင်ရွက်နိုင်သည်။ ယာဉ်အ္တရာယ် ကင်းရှင်းနိုင်ရန်မော်တော်ယာဉ်ကို ရွှေ့ပြောင်းနေရာချထားရေး ဆောင်ရွက်နိုင်သည်။


ရဲအရာရှိ သို့မဟုတ် ဝန်ကြီးဌာနက တာဝန်ပေးအပ်သည့် ဦးစီးဌာနမှအရာရှိသည် ဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်သည့် ယာဉ်မောင်းသူ၏ ယာဉ်မောင်းလိုင်စင်ကို သိမ်းယူနိုင်သည်။ ယင်းသို့ သိမ်းယူကြောင်း အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရမည်။ ယာဉ်မောင်းသူသည် ထိုအသိအမှတ်ပြုလက်မှတ်ဖြင့် မော်တော်ယာဉ်ကို နေအိမ်သို့ ပြန်လည်ယူဆောင်ရန်အတွက်သာ မောင်းနှင်ခွင့်ရှိသည်။ ကြိုတင်ကာကွယ်သည့်လုပ်ငန်းဖြစ်သည်။

 

ယာဉ်အ္တရာယ်ဖြစ်စေသည့်အကြောင်းအချက်များ
ယာဉ်အန္တရာယ်ဖြစ်စေနိုင်သည်မှာ သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း၊ အိပ်ငိုက်နေမှန်း သိလျက်နှင့် မောင်းနှင်ခြင်း၊ အရက်သေစာ သောက်စားမူးယစ်၍မောင်းနှင်ခြင်း၊ ပြိုင်၍မောင်းခြင်း၊ လွတ်ကင်းနိုင်ခြင်းမရှိဘဲ ကျော်တက်မောင်းခြင်း၊ ယာဉ်၏အစိတ်အပိုင်းများ ကြံ့ခိုင်မှုရှိ-မရှိ စစ်ဆေးမှုမရှိခြင်း၊ ဘေးအ္တရာယ်ဖြစ်စေနိုင်သည့် ယာဉ်ကိုမောင်းနှင်ခြင်း၊ လက်ကိုင်ဖုန်းများပြောဆို၍ မောင်းခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာဘဲမောင်းခြင်း၊ယာဉ်မောင်းမကျွမ်းကျင်ခြင်း၊ ယာဉ်သွားလမ်းများ ကျဉ်းမြောင်းခြင်းစသည်တို့ဖြစ်သည်။


ထို့ပြင် ယာဉ်အ္တရာယ်ဖြစ်စေနိုင်သည့် အခြားသောအခြေခံအချက်များမှာ လမ်းမကြီးများပေါ်တွင် သတ်မှတ်ထားသော စည်းကမ်းချက်များကို ဖောက်ဖျက်၍ လှည်းနှင့်တိရ္ဆာန်များ ဖြတ်သန်းသွားလာခြင်း၊ သွားလာမှုကို အနှောင့်အယှက်ဖြစ်စေမည့် သို့မဟုတ်ဘေးအ္တရာယ်ဖြစ်စေမည့် ပစ္စည်းကိုတမင်ထားရှိခြင်း၊ တိရ္ဆာန်များကို မောင်းနှင်ခြင်း၊ ဆွဲယူခြင်း၊ စီးနင်းခြင်း၊ ချည်ထားခြင်း၊ ထိန်းကျောင်းခြင်း၊ လွှတ်ကျောင်းခြင်း၊ လမ်းမကြီးပေါ်နှင့် လမ်းပခုံးပေါ်တွင် ယာဉ်ကိုလိုအပ်သည်ထက်ပို၍ အချိန်ကြာမြင့်စွာ ရပ်နားထားခြင်း၊ ရပ်တန့်ပြုပြင်ခြင်း၊ လမ်းမျက်နှာပြင်၊ လမ်းပခုံးနှင့်တံတားလက်ရမ်းများတွင် ယာဉ်သွားလာမှုကိုအနှောင့်အယှက်ဖြစ်စေမည့် ပစ္စည်းတစ်စုံတစ်ရာ ကိုနေလှန်းခြင်း၊ ထားရှိခြင်း စသည့်အချက်များဖြစ်သည်။ ယင်းအချက်များကို သက်ဆိုင်ရာလမ်းမကြီးများဥပဒေ၊ လမ်းများ၊ တံတားများ ဥပဒေတို့တွင် တားမြစ်ချက်အဖြစ် ဖော်ပြထားပြီး မလိုက်နာဖောက်ဖျက်သူကို သတ်မှတ်ထားသည့် ပြစ်ဒဏ်များ စီရင်ခြင်းခံရ မည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

သတိပြုဆင်ခြင်မောင်းနှင်ကြပါစို့
နိုင်ငံတစ်ဝန်း ယာဉ်အ္တရာယ်လျော့ပါးရေး၊ ယာဉ်အ္တရာယ်ကင်းရှင်းရေးအတွက် တာဝန်ရှိသူတို့သည်နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နေသည်။ အဆင့်မြင့်နည်းပညာများသုံး၍ ဆောင်ရွက်နေသည်။ ဥပမာအားဖြင့် ၁-၉-၂၀၁၆ ရက်နေ့မှစ၍ ရန်ကုန်-မ္တလေး အမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာလျက်ရှိသောယာဉ်များအနက် သတ်မှတ်ကီလိုမီတာ ၁၀ဝ အထက်ပိုမိုမောင်းနှင်သည့် မော်တော်ယာဉ်များအား ခေတ် Red Flex (Reder System) စနစ်သုံး ရွေ့လျားတိုင်းတာ ဖမ်းဆီးသည့်စက်များ အသုံးပြုကာ စစ်ဆေးခဲ့သည်။ စည်းကမ်းဖောက်ဖျက်သည့် မော်တော်ယာဉ်နှင့်ယာဉ်မောင်းများအား မော်တော်ယာဉ်ဥပဒေဖြင့်အရေးယူဆောင်ရွက်လျက်ရှိရာ ၁-၉-၂၀၁၆ ရက်နေ့မှ၃၁-၃-၂၀၁၈ ရက်နေ့အထိ စုစုပေါင်းယာဉ်မောင်း ၃၃၄၈၆ ဦးကို ၎င်းတို့နှင့် သက်ဆိုင်ရာ လှည်းကူး၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ ဇမ္ဗူသီရိ၊ မိတ္ထီလာ၊ တံတားဦးမြို့နယ်တရားရုံးတွင် တရားစွဲဆိုတင်ပို့ခဲ့ကြောင်းသိရသည်။


တာဝန်ရှိသူတို့က ထိုသို့ကြိုးပမ်းအားထုတ် စစ်ဆေးအရေးယူလျက်ရှိနေကြသော်လည်း ယာဉ်အ္တရာယ်ကင်းရှင်းသည်မဆိုထားဘိ သိသိသာသာ လျော့နည်းကျဆင်းသွားမှု မရှိသေးသည်ကိုပင် တွေ့ရသည်။ ကြိုတင်ကာကွယ်မှုတွေ များများပြုလုပ်ပေးဖို့ လိုအပ်နေပြီ။ ကြိုတင်ကာကွယ်မှုဟုဆိုရာ တွင် ပညာပေးလုပ်ငန်းသည် အထိရောက်ဆုံးဖြစ်လိမ့်မည်ဟု ယုံကြည်မိသည်။


အချုပ်အားဖြင့်ဆိုရလျှင် ယာဉ်အ္တရာယ်ကင်းရှင်း ရေးသည် ယာဉ်မောင်းသူ၏ ကျွမ်းကျင်မှုနှင့် စိတ်ပိုင်း၊ရုပ်ပိုင်းကြံ့ခိုင်မှု၊ မောင်းနှင်သည့်ယာဉ်ကြံ့ခိုင်မှု၊ လမ်းတံတားများ၏ ကြံ့ခိုင်မှုနှင့် အရည်အသွေးမြင့်မှုတို့အပေါ်တွင် မူတည်သည်။ အတိုချုပ်အားဖြင့် လူ၊ ယာဉ်၊ လမ်း အခြေခံအချက် သုံးချက် ကောင်းရန်လိုသည်။ မည်သို့ဆိုစေ ယင်းအချက်သုံးချက်တွင် ယာဉ်မောင်းသူသည် အဓိကအကျဆုံး ဖြစ်သည်။ အစဉ်သတိပြု ဆင်ခြင် မောင်းနှင်ကြရေး အသိပညာပေး လိုက်နာဆောင်ရွက်ကြပါစို့။


ယာဉ်အ္တရာယ်ကင်းရှင်းကြပါစေ၊ ယာဉ်အ္တရာယ်ကင်းရှင်းကြပါစေ၊
သတိပြုဆင်ခြင်မောင်းနှင်နိုင်ကြပါစေ၊ သတိပြုဆင်ခြင်မောင်းနှင်နိုင်ကြပါစေ၊
ဥပဒေပါရည်ရွယ်ချက်များပြည့်ဝစွာအကောင် အထည်ဖော်နိုင်ကြပါစေ။ 
ကြေးမုံ

 

md