မံစီ ၁၈ နိုဝင်ဘာ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ နိုဝင်ဘာလ ၁၈ ရက်နံနက် ၁၁ နာရီက ဗန်းမော်ခရိုင် အမှတ် (၁၀ဝ)ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် ပူးပေါင်းပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ကို ပြုလုပ်ခဲ့ ကြောင်း သိရသည်။
အသိပညာ Talk Show တွင် ဗန်းမော်ခရိုင် အမှတ်(၁၀ဝ)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲအုပ် ဆွေချစ်ကိုနှင့် မံစီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြိုးဖြိုးကြိုင်တို့က ဆွေးနွေးခဲ့ကြပြီး ၂၀၂၀ ခုနှစ်တွင် အသစ်ပြဌာန်းထားသည့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဉပဒေ အကြောင်းအရာများ၊ ယာဉ်မတော်တဆမှု ဖြစ်ပွားစေနိုင်သည့် အကြောင်းအရာများနှင့် ဖြစ်ပွားပြီးပါက ကြုံတွေ့ရတက်သည့်အခက်အခဲ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အများပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေပြီး ယခုကဲ့သို့ ကိုဗစ်-၁၉ ကူးဆက်မြန်ရောဂါ ဖြစ်ပွားနေသည့် ကာလတွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ ကိုရိုက်ကူး ထုတ်လွှင့်လျက်ရှိနေကြောင်း အဆိုပါယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာ ပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မံစီမြို့နယ်ရုံး၏ လူမှုကွန်ယက် စာမျက်နှာများဖြစ်သည့် IPRD Mansi Facebook Page နှင့် မံစီမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Pageတို့တွင် ထုတ်လွင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


