မြင်းမူ ၂၄   စက်တင်ဘာ 

 

ယာဉ်စည်းကမ်းဆိုင်ရာအသိပညာပေးခြင်း ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းအန္တရာယ်နှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာများကို ကျောင်းသား၊ကျောင်းသူများ ပိုမိုသိရှိနားလည်ပြီး လိုက်နာကျင့်သုံးလာစေရန်အတွက်  အသိပညာပေးဟောပြောပွဲကို  စစ်ကိုင်းခရိုင် ၊  မြင်းမူမြို့ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

အသိပညာပေး ဟောပြောပွဲတွင်၊ မုံရွာမြို့ယာဉ်ထိန်းရဲတပ်ဖွဲ့မှုးရုံး၊ ရဲမှုးဝင်းကိုက ယာဉ်မောင်းသူများ သိရှိရန် ထုတ်ပြန်ထားသောစည်းကမ်းများ ၊ ကျောင်းသား/သူများကဲ့သို့ ခြေလျှင်လျှောက်သူများကလည်း   ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့်   လိုက်နာရန်တို့ကို  ရုပ်ရှင်ပိတ်ကားများဖြင့် ရှင်းလင်းပြသခဲ့သည်။ ယင်းနောက် မြင်းမူမြို့မ စခန်းမှုး ဒုရဲမှုးသိန်လွင် ကမူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်၊ယနေ့အချိန်တွင်   ဖြစ်ပွားမှုများပြားလာလျှက်ရှိသော    မှုခင်းဖြစ်ရပ်များကို  ကြိုတင်ကာကွယ်ရှောင်ရှားနိုင်ရန်အတွက်  သိရှိလိုက်နာရမည့် အချက်များ၊ ကျောင်းသား/သူများအတွက်ချမှတ်ထားသော   ကျောင်းစည်းကမ်းများဖြင့်  မူးယစ်အန္တရာယ်ကို ကာကွယ်ကြရန် လိုအပ်ကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။

 

ထို့နောက်   ဟောပြောပွဲသို့တက်ရောက်ကြသော   ကျောင်းသား ကျောင်းသူ ၂၁၀တို့ကို အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။

 

အောင်စိုးဖေ(မြင်းမူ)