အောင်လံ ၉ ဒီဇင်ဘာ
ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်ရှိပြီး စည်းကမ်းနှင့်ညီညွတ်သော ဆိုင်ကယ် မောင်းနှင်သူများအား၊ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း လိုက်နာစေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့အတွက် ရည်ရွယ်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်ကိုဦး၏ ညွှန်ကြားချက်အရ အမှတ်(၄) ယာဉ်ထိန်းရဲ(မကွေး)ဒု−တပ်ဖွဲ့ခွဲမှူး ရဲမှူးသာဌေး၏ စီစဉ်မှုဖြင့်အောင်လံမြို့နယ် ယာဉ်ထိန်းရဲ တပ်ဖွဲ့စိတ်မှ ရဲအုပ်အောင်မြင့်ထွန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ(၈)ရက် နေ့နံက်(၉)နာရီမှ စတင်၍ မြို့မရဲစခန်းရှေ့ ပြည်လမ်းတွင် သတ်မှတ်ထားသော စည်းကမ်းချက်များ နှင့်အညီ ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ ယာဉ်မောင်းလိုင်စင်၊ ဆိုင်ကယ် လိုင်စင်ပြည့် စုံစွာဖြင့် ဆိုင်ကယ်မောင်းနှင် လာကြသောသူများအား ဆိုင်ကယ်စီးဦးထုပ်များကို အခမဲ့ဖြန့်ဝေ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျပ်တစ်သောင်းခွဲတန်ဖိုးရှိ ဆိုင်ကယ်စီးဦးထုပ် အလုံး(၂၀ဝ)ကို TCL ကုမ္ပဏီမှတာဝန်ခံ ဦးအောင်မြင့်မောင်နှင့် ဝန်ထမ်းများက ပါဝင်ကူညီ ပံ့ပိုးပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်စီးဦးထုပ်များ ဖြန့်ဝေရာသို့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြမင်းကျော်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်စိုးတို့မှ လာရောက်၍ အားပေး ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သိန်းလွင်(အောင်လံ)