ယာဉ်ငယ်သုံးစီး ဦးခေါင်းချင်းဆိုင်တိုက်မှုဖြစ်ပွား

ရန်ကုန် ၁ မတ်   

 

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း ၁၀၆ မှတ်တိုင်အနီး အင်းယားလိပ် ဟိုတယ်အဝင်ထိပ် မီးပွိုင့်တွင် ဖေဖော်ဝါရီ ၂၈ ရက် ည ၇ နာရီ မိနစ် ၂၀ ခန့်က ယာဉ်ငယ်သုံးစီး ဦးခေါင်းချင်း ရင်ဆိုင်ဆင့်တိုက်မှုဖြစ်ပွားရာ မရမ်းကုန်းမြို့နယ် အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု "မြန်မာ့ကြယ်ဖြူ" ဦးလွင်မောင်  ဦးစီးသောအဖွဲ့မှ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြရကြောင်း သိရသည်။

 

FB_IMG_1

 

ဖြစ်စဉ်နှင့်ပတ်သက်၍ နယ်မြေခံ ယာဉ်ထိန်းရဲတက်ဖွဲ့ဝင်များ ရောက်ရှိစစ်ဆေးမှုပြုလုပ်ရာ ယာဉ်မောင်းများ အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ရဖွယ်မရှိကြောင်းနှင့် အရေးပေါ်ဆေးကုသမှု ဆောင်ရွက်ပေးခဲ့ကြောင်း ရမ်ကုန်အနောက်ပိုင်းခရိုင် (လူ-ကယ်-ထောက်)တာဝန်ခံ ဦးလွင်မောင်က ပြောသည်။

 

မျိုးမင်းသိန်း(မရမ်းကုန်း)

 

FB_IMG