ဂန့်ဂေါ ၂၄ နိုဝင်ဘာ
နိုဝင်ဘာ ၂၂ ရက်က ဂန့်ဂေါမြို့နယ် ပုံညာတောင်အဆင်း သရက်ပင်ကွေ့၌ ပုလဲမြို့နယ်မှ ဦးသန့်စင်ဦး မောင်းနှင်သည့် ဖောကား အပြာရောင် ၆ ဘီးယာဉ် တိမ်းမှောက်မှုဖြစ်စဉ်တွင် လိုက်ပါလာသည့် ခရီးသည် ၆ ဦးသေဆုံး၍ ၄၁ ဦး ဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာရရှိသူများသည် ကျောမြို့တိုက်နယ်ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှုခံယူလျက်ရှိရာ ဂန့်ဂေါခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မင်းလွင်၊ ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးမိုးကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးတို့သည် နိုဝင်ဘာ ၂၃ ရက် နံနက် ၉ နာရီက သွားရောက်ကြည့်ရှု အားပေးကြသည်။
ထို့နောက် သေဆုံးသူများ၏ မိသားစုဝင်များ၊ မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသမှုခံယူရမည့် လူနာများ၊ ဒဏ်ရာရရှိသူများအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ၁၇၈၀၀၀၀ ကျပ်အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညိုနှင့် အဖွဲ့က ထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။
တောင်သားမောင်သန်း


