ယာဉ်တိုက်ခံရမှုကြောင့် လမ်းလျှောက်နေသူတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံး

လှည်းကူး    ၂၆   ဧပြီ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ကြာကန်ကျေးရွာအနီး၌ ဧပြီ၂၄ရက် မွန်းလွဲ(၁)နာရီ ခွဲခန့်က ယာဉ်တိုက်ခံရမှုကြောင့် လမ်းလျှောက်နေသူ အမျိုးသားတစ်ဦး အခင်းဖြစ်ရာနေရာတွင် သေဆုံး သွားကြောင်း သိရသည်။     

 

ဖြစ်စဉ်မှာ လှည်းကူး-ဖောင်ကြီးလမ်းအတိုင်း လှည်းကူးဘက်မှဖောင်ကြီးဘက်(တောင်မှမြောက်) သို့ ယာဉ်မောင်း(အမည်မသိ)၊ နေရပ်လိပ်စာ(စုံစမ်းဆဲ)မောင်းနှင်လာသော ယာဉ်သည် ကြာကန်ကျေးရွာ မိုင်တိုင်အမှတ်(၃/၅)နှင့် (၃/၆)ကြားအရောက်တွင် လားရာတူအရှေ့မှ လမ်းလျှောက်နေသော ရဲစုအနောက်ရပ်ကွက်၊ ထောက်ကြန့် မင်္ဂလာဒုံမြို့နယ်နေ စိုးမြင့်(ခ)လာလ်လမူနာ (၄၀)နှစ် အား တိုက်မိပြီး ယာဉ်နှင့်အတူ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

 

ယာဉ်တိုက်ခံရသူ စိုးမြင့်(ခ)လာလ်လမူနာသည် အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားသောကြောင့် ယာဉ်အား မဆင်မခြင် မောင်းနှင်ပြီး ထွက်ပြေးသူ ယာဉ်မောင်း(အမည်မသိ)၊ နေရပ်လိပ်စာ(စုံစမ်းဆဲ)အား လှည်းကူးမြို့မရဲစခန်းမှ ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။   

 

နိုင်လင်း(လှည်းကူး)