ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ MustB

၂၂ ဧပြီ

 


တောင်ကိုရီးယားအမျိုးသားတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ “MustB” ဟာ ယာဉ်တိုက်မှုမှာ  ပါဝင်နေခဲ့တာဖြစ်ပါတယ်။ ယာဉ်တိုက်မှုကြောင့် အဖွဲ့ရဲ့ မန်နေဂျာဖြစ်သူ သေဆုံးခဲ့တယ်လို့ စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 


အဖွဲ့ဝင်ခုနစ်ဦးနဲ့ ဖွဲ့စည်းထားတဲ့ အဆိုပါတေးဂီတအဖွဲ့ စီးနင်းလိုက်ပါလာတဲ့ယာဉ်ဟာ ရှစ်လမ်းသွားလမ်းမကြီးပေါ်မှာ ယာဉ်တိုက်မှုဖြစ်ခဲ့တာပါ။  ပြီးခဲ့တဲ့  ဧပြီ  ၂၁  ရက်မှာ  ယာဉ်တိုက်မှုဖြစ်ခဲ့တာဖြစ်ပြီး  အဖွဲ့ရဲ့ယာဉ်ကို  မောင်းနှင်ခဲ့သူအသက် ၃၆ နှစ်အရွယ် မန်နေဂျာဟာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး ဆေးရုံမှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

“MustB” ဟာ ဒေးဂူမှာ ဖျော်ဖြေပွဲပြုလုပ်ခဲ့ပြီးနောက် ဆိုးလ်မှာရှိတဲ့ နေအိမ်ဆီပြန်လာချိန်မှာ  ယခုလိုယာဉ်တိုက်မှုဖြစ်ခဲ့တာဖြစ်တယ်လို့  သိရပါတယ်။  ယာဉ်တိုက်မှုကြောင့် အဖွဲ့ဝင်လေးဦးနဲ့ အေဂျင်စီမှ ဝန်ထမ်းတစ်ဦး  ဒဏ်ရာပြင်းထန်စွာရရှိပြီး  ဆေးရုံမှာ ကုသမှုခံယူနေရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတာဖြစ်တယ်လို့ သိ်ရပါတယ်။

 


ကြေးမုံ