ဆိပ်ဖြူ ၂၉ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် အရှေ့ကံတွင်းကျေးရွာတွင် ဆောက်လုပ် ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည် ဆောက်ရေးအဖွဲ့ (၂) တံတားအထူးအဖွဲ့ (၅) ဆိပ်ဖြူက ဆိပ်ဖြူ-ပခုက္ကူကားလမ်း ယောချောင်းတံတား(ကံတွင်း) တံတား သစ်ကို တည်ဆောက်လျက်ရှိရာ ၂၀၁၉ ခုနှစ် သတ်မှတ်ကာလဖြစ်သော စက်တင်ဘာလကုန် တည်ဆောက်ရေး အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အရှေ့ကံတွင်းကျေးရွာတွင် ယခင်က ဒေသခံပြည်သူများနှင့် ခရီးသွား ပြည်သူများက တံတားတစ်စင်းကို အသုံး ပြု၍ သွားလာမှုရှိခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် တိုက်ခတ် ခဲ့သည့် အိုတူးဘီမုန်တိုင်းနှင့် ဂီရိမုန်တိုင်း ဒဏ်ကြောင့် ရေကြီးရေလျှံမှုဖြစ်ကာ ယခင်တံတားမှာ ပျက်စီးဆုံးရှုံးသွားခဲ့ရပြီး ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူ များ သွားလာရေးခက်ခဲခဲ့ကြောင်း သိရသည်။
ဒေသခံပြည်သူများ၏ ခရီးသွားလာ မှုနှင့် လမ်းအခက်အခဲများကို သက်ဆိုင် ရာ တာဝန်ရှိသူများထံ တင်ပြခဲ့မှု ကြောင့် ခရီးသွားလာမှု အဆင်ပြေစေရန် ယောချောင်းတံတား (ကံတွင်း) တံတား သစ်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
အဆိုပါတံတားသစ်ကို ယခင် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် တံတား ရေရောက်အမှတ်ထက် ၁၀ ပေ အမြင့်၊ အောက်ခံအုတ်မြစ်အချင်း ၁ ဒသမ ၂ မီတာ Bore Pile အမျိုး အစား၊ သံကူကွန်ကရစ်ကပ်ခုံ နှစ်ခုပါ ရေလယ်တိုင် ရှစ်တိုင် ကိုယ်ထည်၊ ရက်မ 100 PC Girder ကိုးခန်း၊ သံကူ ကွန်ကရစ်ကြမ်းခင်း ကိုးခန်းနှင့် စတီးပိုက် လက်ရန်းအမျိုးအစား၊ တံတားအရှည် ပေ ၉၀ဝ၊ တံတားအကျယ် ပေ ၃၀၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ နှစ်လမ်း မောင်း၊ လူသွားလမ်း တစ်ဖက်လျှင် သုံးပေ နှစ်လမ်းပါရှိပြီး ခွင့်ပြုတန်ချိန် ကုန်+ယာဉ် တန် ၆၀ ဖြစ်ကြောင်း သိရသည်။
ယောချောင်းတံတား (ကံတွင်း) တံတားသစ်ကို ဆောက်လုပ်ရေးဝန်ကြီး ဌာန တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့ (၂) တံတားအထူးအဖွဲ့ (၅) ဆိပ်ဖြူမှ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီဇော်၊ ဦးစီးအရာရှိ (မြို့ပြ) ဦးအေးမြင့်နှင့် ကျွမ်းကျင်ဝန်ထမ်းများက ၂၀၁၇ ခုနှစ် ဇွန်လ ၅ ရက်နေ့မှစတင်၍ နိုင်ငံတော်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခွင့်ပြုငွေကျပ် သန်း ၁၀ဝဝ၊ မီနီဘတ်ဂျက် ငွေကျပ် သန်း ၃၀ဝ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကျပ်ငွေကျပ် သန်း ၁၄၀ဝ တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
လက်ရှိအချိန်တွင် တံတားတိုင် အမှတ် (A-1) မှ (A-1) အထိ ရက်မ တင်ပြီး (A-1) မှ (P -2) အထိ တံတား ကြမ်းခင်းလောင်း ဆောင်ရွက်ပြီးစီးသွား ကာ သတ် မှတ်စံချိန်စံညွှန်းပြည့်မီစွာ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး နိုင်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး ဆောင် ရွက်လျက်ရသည်။
စိုးလင်းနိုင် (ပြန်/ဆက်)