ဆော ၂၃ ဒီဇင်ဘာ
ဂန့်ဂေါခရိုင် ဆောမြို့နယ် ယောမြို့ကျေးရွာနှင့် ကြန်တောကျေးရွာများကို ဆက်သွယ်သွားလာမှု လွယ်ကူစေရန်နှင့် ကုန်စည်ပို့ဆောင်မှု လွယ်ကူနိုင်ရန် ကျေးလက်ကုန်ထုတ်လမ်း ၂ မိုင်၊ လမ်းကြမ်း ၃၀ ပေကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖောက်လုပ်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် ဒီဇင်ဘာ ၂၂ ရက်က အဆိုပါ လမ်းဖောက်လုပ်မှုအား ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့သည်။
ကျော်သန်းဆွေ