အေဒင် ဒီဇင်ဘာ ၂၇
လောင်စာဆီပြတ်လပ်မှုကြောင့် ယီမင်နိုင်ငံ အနောက်တောင်ပိုင်း တိုက်ဇ်ပြည်နယ်အတွင်းရှိ အကြီးဆုံး ဆေးရုံကြီးတစ်ခုကို ဒီဇင်ဘာ ၂၅ ရက်က ပိတ်ခဲ့ရပြီး စစ်ဘေးသင့်အာရပ်နိုင်ငံအတွင်း လူနာပေါင်း ထောင်နှင့်ချီ၍ ထိခိုက်ခဲ့ရကြောင်း ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက ဆင်ဟွာသို့ ပြောကြားသည်။
လောင်စာဆီ အကျပ်အတည်းဖြစ်ပေါ်ပြီးနောက် ကျောက်ကပ်လူနာများကို ကုသရာ အထူးပြုစင်တာ တစ်ခုအပါအဝင် အယ်လ်သော်ရာ အထွေထွေဆေးရုံမှ ဆေးခန်းအားလုံးကို ပိတ်လိုက်ရကြောင်း ဒေသ ဆိုင်ရာ ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။ တိုက်ဇ် ပြည်နယ်၌ အကြီးဆုံးဖြစ်သည့် အဆိုပါ ဆေးရုံမှာ လူဦးရေသိပ်သည်း ထူထပ်သည့်မြို့ရှိ ထောင်နှင့်ချီသည့်လူနာများကို ဝန်ဆောင် ကုသပေးကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ဆင်ဟွာ