၃၁ ဒီဇင်ဘာ

 

 

ကျမ်းသစ္စာ ကျိန်ဆိုပြီးသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တင်ဆောင်လာသည့် လေယာဉ်တစ်စင်း ဆင်းသက်ပြီးနောက် ယီမင်နိုင်ငံ တောင်ပိုင်းရှိ လေဆိပ်တစ်ခု၌  ပေါက်ကွဲမှုဖြစ်ပွားရာ ၁၅ ဉီးထက်မနည်း သေဆုံးခဲ့သည်ဟု ဆိုသည်။

 

 

အစိုးရအဖွဲ့ဝင်များ ဝန်ကြီးများ ဆော်ဒီအာရေးဘီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိပြီး မကြာခင် အေဒင်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

 

ပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် အစိုးရ အဖွဲ့ဝင်များ လေဆိပ်၌ပင်  ရှိနေသေးသည်။

 

 

ပေါက်ကွဲမှုကြောင့် ဝန်ထမ်းတစ်ဦး သေဆုံးခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီက တွစ်တာလူမှုကွန်ရက်၌ ရေးသားခဲ့သည်။

 

 

ပေါက်ကွဲမှုကြောင့် မော်တာကျဉ်ဆန်များသည် လေဆိပ်အား ထိမှန်ခဲ့သော်လည်း အသေးစိတ် မသိရှိရသေးကြောင်း မီဒီယာ သတင်းများက ဖော်ပြခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်