ဆာနား၊ ဖေဖော်ဝါရီ ၂၆
ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင် အုပ်စုသည် အေဒင်ပင်လယ်ကွေ့နှင့် ပင်လယ်နီရှိ အမေရိကန် ရေတပ်သင်္ဘောများကို ဒီဇင်ဘာ ၂၄ ရက်က ဒုံးကျည်များနှင့်ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သဖြင့် အမေရိကန် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများသည် ပါလက်စတိုင်းတို့အား ထောက်ခံကြောင်း ပြသခြင်းဖြစ်ပြီး ယီမင်နိုင်ငံအပေါ် အမေရိကန်-ဗြိတိန်တို့၏ ရန်စမှုများကို တုံ့ပြန်ခြင်း ဖြစ်ကြောင်း ဟူသီပြောရေးဆိုခွင့်ရှိသူ ရာဟီရာ ဆာရီရာက ပြောကြားသည်။
သူပုန်များသည် အေဒင်ပင်လယ်ကွေ့ရှိ အမေရိကန် ရေနံတင်သင်္ဘော တွမ်သောရ်နှင့် ပင်လယ်နီရှိ အမေရိကန်စစ်သင်္ဘော အများအပြားကို ပစ်မှတ်ထားကာ ဒုံးကျည်များ၊ မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။
ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေး၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နေကြရသည့် ပါလက်စတိုင်းများနှင့် စည်းလုံးညီညွတ်မှုရှိကြောင်းကို ပြသရန်အတွက် ဟူသီလက်နက်ကိုင်အဖွဲ့များသည် လွန်ခဲ့သည့်နှစ် နိုဝင်ဘာလလယ်ကတည်းက နိုင်ငံတကာသင်္ဘောများကို တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လာခဲ့သည်။
ဆင်ဟွာ