အေဒင်   ဇွန်   ၂၃

ယီမင်နိုင်ငံတောင်ပိုင်း   ပြည်နယ်များရှိ    လူပေါင်းငါးသန်းခန့်မှာ စားရေရိက္ခာ     မလုံလောက်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး အရေးပေါ်အကူအညီများမရရှိပါက အခြေအနေသည်     ပိုမိုဆိုးရွားလာဖွယ် ရှိကြောင်း  ကုလသမဂ္ဂအေဂျင်စီ သုံးခုက ဇွန် ၂၂ ရက်တွင် သတိပေးပြောကြားထားသည်။

စားရေရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(အက်ဖ်အေအို)၊ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (ဒဗလျူအက်ဖ်ပီ)နှင့် ကုလသမဂ္ဂကလေးများ   ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)တို့၏ ပူးတွဲထုတ်ပြန်ကြေညာချက်တွင် ထောက်ပံ့ကူညီမှုများ အမြန်ဆုံးမရရှိပါက ယခုနှစ် စက်တင်ဘာလနှင့်   ၂၀၂၆ ခုနှစ်   ဖေဖော်ဝါရီလ ကြားတွင်   နောက်ထပ်လူပေါင်း ၄၂၀၀၀၀ ဆိုးရွားသည့်   စားနပ်ရိက္ခာမဖူလုံမှုအခြေအနေထဲသို့ ကျရောက်သွားနိုင်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ဆိုးရွားသည့် စားနပ်ရိက္ခာမဖူလုံသူ  စုစုပေါင်း ၅ ဒသမ ၃၈ သန်းအထိ    ရှိလာမည်ဖြစ် ကြောင်းနှင့်    ယင်းမှာ ယီမင်နိုင်ငံတောင်ပိုင်းရှိ လူဦးရေ၏ ထက်ဝက်ကျော်ရှိကြောင်း သိရသည်။

ထိုကဲ့သို့  အကျပ်အတည်းဖြစ်ပေါ်စေသည့်   အကြောင်းရင်းများစွာထဲတွင်  ကာလရှည်စီးပွားရေး ကျဆင်းမှု၊  ယီမင်နိုင်ငံ၏ ငွေကြေးတန်ဖိုး လျင်မြန်စွာကျဆင်းမှု၊ ပဋိပက္ခဆက်လက်ဖြစ်ပွားမှုနှင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ပိုမိုဆိုးရွားလာခြင်းတို့    ပါဝင်သည်ဟု     အဆိုပါ အေဂျင်စီများက ပြောသည်။

ယီမင်နိုင်ငံ၏  ငွေကြေးတန်ဖိုးသည် သမိုင်းတစ်လျှောက်တွင် အဆိုးရွားဆုံးကျဆင်းမှုနှင့် ကြုံတွေ့ နေရချိန်တွင်   အဆိုပါ သတိပေးချက်ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ယီမင်ရီယဲလ် ငွေကြေးတန်ဖိုးသည် မကြာသေးမီတွင် တောင်ပိုင်း ဆိပ်ကမ်းမြို့  အေဒင်နှင့်    အခြား အစိုးရ ထိန်းချုပ်ဒေသများတွင် အမေရိကန်တစ်ဒေါ်လာကို ၂၇၅၀   အထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။      

ဆင်ဟွာ