ယီမင်တွင် ဆော်ဒီ ဦးဆောင်သော လေကြောင်းတိုက်ခတ်မှုဖြစ်ပွား ၆၀ ဦးထက်မနည်းသေဆုံး

၂ စက်တင်ဘာ


အစိုးရဆန့်ကျင်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ယီမင်၏ နေရာတစ်ခုကို ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့က လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သဖြင့် လူပေါင်း ၆၀ ကျော် သေဆုံးခဲ့ကြောင်း သတင်းများအရ သိရသည်။


ဒါမာပြည်နယ်တောင်ပိုင်းရှိ အကျဉ်းထောင်တစ်ခုတွင် ယမန်နေ့အစောပိုင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ၆၀ ဦးသေဆုံးခဲ့ပြီး ၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း  အီရန်ကျောထောက်နောက်ခံ ဟူသီ သူပုန်များက ဆိုသည်။


ဒရုန်းများ နှင့် ဒုံးကျည်များ သိုလှောင်မှုကို ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရာထူးမှ အဖြုတ်ခံရသူ  မန်ဆောဟာဒီ ကို ထောက်ခံသည့် ဆော်ဒီ ဦးဆောင်သော ညွန်ကပေါင်းတပ်ဖွဲ့ က ဆိုသည်။


အဆိုပါ ဟူသီတို့သည် ဆော်ဒီအာရေဗျ နေရာများကို အဓိကထားကာ ဒရုန်း နှင့် ဒုံးကျည် တို့ဖြင့် လက်တုံ့ပြန် တိုက်ခိုက်ခဲ့ကြသည်။


ခွဲထွက်ရေးအုပ်စုဖြစ်သည့် တတိယအင်အားစုတစ်စုလည်းပါဝင်သော ယီမင် ပြည်တွင်းစစ်ပွဲသည် ပြီးခဲ့သည့်လေးနှစ်ကျော်က စတင်ကာဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုခွဲထွက်ရေးသမားများသည် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့မှ ခွဲထွက်ပြီး ဟူသီသူပုန်များဖြင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။


ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို